ငါတို့ချစ်တဲ့ ဧရာဝတီရေ
ငါတို့ပြုသမျှကုသိုလ်
သင့်အဖို့ ဝေငှမယ်
စီးဆင်းမြဲ စီးဆင်း
သံသရာတိုင် စီးဆင်းစေ ။
နိုင်းမြစ်ရဲ့ လှိုင်းဘွဲ့တွေထက်
မခို့တရို့နဲ့ ချွေးစို့နေတဲ့
ငါတို့ရဲ့မိခင် ဧရာဝတီကိုချစ်တယ် ။
လရောင်အောက်က မစ်စစ္စပီထက်
နွေဦးပန်ရင်း ရှက်သွေးဖြာနေတဲ့
ရာဇဝင်များရဲ့ သတို့သမီးကိုချစ်တယ် ။
ဒုဋ္ဌဝတီရဲ့ သမိုင်းကြောင်းမှာ
ရာဇဝင်တွေ အထပ်ထပ်စီးဆင်း
ငါတို့ဘိုးရဲ့ မျိုးချစ်ဓား
သူ့မျက်ရည်နဲ့ သုတ်လိမ်းလို့
နောင်ရိုးက သက်သေတည်ခဲ့ပြီ ။
ဒီမြေပေါ်မှာ သစ္စာတည်လို့
သူ့ရင်ကိုခွဲ အလျားလိုက်စီးဆင်းပြရင်း
ကမ်းပါးတစ်လျှောက် သူ့အသွေးအန်ထုတ်
ငါတို့မြေကို စိမ်းလန်းစေခဲ့ပြီ ။
ဒါဟာ တို့မြေဆိုရင်
ဧရာဝတီဟာ ငါတို့ရဲ့ အမေဖြစ်တယ် ။
ရာဇဝင်အဟောင်းအသစ် ဘယ်ခေတ်ဖြစ်နေနေ
ဆရာဇော်ဂျီရဲ့ မဗေဒါလို
အပြုံးမပျက် သွေးစက်လက်နဲ့
ဒီမြေအတွက် စီးဆင်း
တစ်ရံတစ်ဆစ်မှ မငြီးခဲ့ဖူးသူ ။
ဒီမြေရဲ့မိခင် ဣနြေ္ဒနဲ့စီးဆင်း
သူ့ဝမ်းစာ သယံဇာတကို
ပြည့်လျှံဖြိုး ကျက်သရေတိုးအောင်
ထုတ်အန်လို့ ကျွေးခဲ့ပြီ ။
ငါတို့ချစ်တဲ့ ဧရာဝတီ
ငါတို့ရဲ့မိခင် ဧရာဝတီ
တိုင်းရင်းသားအားလုံးရဲ့ ဝိဥာဉ်
မိခင်စိတ်နဲ့ မြစ်တစ်စင်း
စုန်ရေပဲ စီးဆင်းခဲ့တယ် ။
ချစ်သောမိခင် ဧရာဝတီရေ
ခွာသံရိုင်းရိုင်း အတ္တမှိုင်းကြောင့်
ဆယ့်ရှစ်ခေါဘဏီ တပ်ကြီးချီလျက်
နဒီမိခင် ဝတီခင်ကို
ရင်တွင်းခွဲလှန် ပျက်အောင်ကြံလည်း
ကျေးဇူးသစ္စာ သိမြင်စွာဖြင့်
နရသိန်ဓား မျိုးချစ်အားနှင့်
နောက်ဆုံးအသက် သွေးတစ်စက်ထိ
ရင်မြေကတုတ် ကာဆီးမြှုပ်မည်
ငါ့ခန္ဓာအားလှူပါ၏ ။
ညီလင်းနိုင်
0 comments:
Post a Comment