ညီလင်းနိုင်: ဆုတောင်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ဆုတောင်း







နွေဦးရဲ့ဆံနွယ်တွေ ရာဇဝင်မှာသီးပွင့်

ချုပ်သီခဲ့ကောင်းကင်မှာ

သင်္ခါရတွေ ကြယ်စုံခဲ့ဖူးတယ် ။



တော်လဲသံနဲ့ လူနာတစ်ယောက်

ဝေဒနာမှာ ညွှတ်တွားရင်း

ရုပ်နာမ်တရား အချိုအခါး

အသက်ဓာတ်ရဲ့ အနုအရင့်ကို

ဇောစိတ်နဲ့ ထုဆစ်တယ် ။ 

 


ထက်ပိုင်းကျိုးနေတဲ့ စိတ်တစ်ချို့ 

သွေးရူးသွေးတန်းနဲ့ ကွဲအက်

ဖုန်းဆိုးမြေ ကျိန်စာညထဲ

ဝမ်းနည်းခြင်း ဖိတ်စာဟာ

ဆွေးမြည့်စွာ လောင်ကျွမ်းတယ် ။



ဆာဟာရ ကျောပိုးခဲ့သူမှာ 

အထီးကျန်စွာ နူတ်ပိတ် 

ကရုဏာကို မွတ်သိပ်ရင်း 

ရွှဲရွှဲစိုနေတဲ့ 

လေပြေညင်းလေးရေ 

သင့်ရဲ့အမည်နာမကို 

ဟောဒီ 

အိမ်တံခါးဝမှာ 

ချိတ်ဆွဲခွင့်ပြုပါ ။ 






ညီလင်းနိုင် 






0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...