ညီလင်းနိုင်: အဲဒီဘဝကနှင်းမကျခဲ့ဘူးဆိုတာ ကိုယ့်ဘဝနဲ့ရင်းပြီး ကျိန်တွယ်ပြလိုက်တယ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အဲဒီဘဝကနှင်းမကျခဲ့ဘူးဆိုတာ ကိုယ့်ဘဝနဲ့ရင်းပြီး ကျိန်တွယ်ပြလိုက်တယ်




 အလင်းရဲ့အရိုးကွဲသံကြားလိုက်ရတယ် မေးခိုင်ပိုးဝင်ထားသလို မြင်ကွင်းတစ်ခုလုံးဟာ ပြာနှမ်းနေတာပဲ

ဘဝဟာ ဆောင်ဓားကိုယ်စီနဲ့ ဘဝဟာ သံသယကိုယ်စီနဲ့ 
 
ကျောချင်းလည်းကပ်မရဘူး ရင်ချင်းလည်းအပ်မရဘူး

သေသေသပ်သပ်ပြုံးပြနိုင်ဖို့အတွက် နောက်ကျောကဝင်လာမယ့်ဓားကို အရိုးကြည့်ရှောင်ရ

အနှေးပြကွက်တွေလို တရွေ့ရွေ့ဆုတ်ခွာပစ်လိုက်ဖို့ 
 
ညအကန်းကြီးထဲ Vampire အဖြစ်ဖန်ဆင်းနေထိုင်နေရတယ်
 
ဘယ်သူပြောလဲ ဘုရားသခင်စိုက်ခင်းဆိုတာ ..... လျှာပေါ်မှာကြပ်ခိုးစွဲနေတာ မမြင်ဘူးလား

တစ်စပြင်ကို အရေပြားလိုချုပ်ဝတ်ထားရ လူဟာလူပီသကြောင်း အာစေးထည့်ခံထားရ

ရှိတယ် မရှိဘူး ဖြစ်တယ် မဖြစ်ဘူး အသိဥာဏ်တစ်ခုလုံးမွမွကြေနေပြီ ဘာဆိုဘာမှ အဖြေမထွက်ဘူး

စိတ်ပေါ်အသိတင်သလို သံသရာပေါ်မေးတင်ပြီး လှုပ်လှုပ်ခတ်ခတ်ကို လွမ်းပစ်လိုက်ဖို့ အချိန်မရဘူး

ကိုယ့်ဝမ်းစာနဲ့ကိုယ် အကြည့်တွေပြိုကျမလာအောင် ဝပ်ကျင်းထဲ ခွေခေါက်နေရ

စိတ်အကွဲထဲစိုက်ဝင်လာသမျှကို နာနာကျည်းကျည်း ခပ်ထုတ်ပစ်နေရ

ခြေကျင်းခတ်ခံထားရတဲ့နိစ္စဓူဝဆိုတာ ငါတို့အရိုးအတွင်းသားထဲက မွေးရာပါ ထိုးကွင်းစစ်စစ်ပဲ

နေသာထိုင်သာရှိအောင် ဖျော့ဖျော့ရှရှ ဆုံးဖြတ်ပစ်လိုက်မိတယ်
 
အမှန်တရား သေတွင်းဖြောင့်နိုင်ဖို့ ကိုယ့်ဘဝကိုယ် စိုက်လိုက်မတ်တတ်ရိုက်ခွဲပစ်လိုက်ရတယ်
 
တစ်ဘဝစာ။




ညီလင်းနိုင် 
 
 
 
 

19 comments:

အလင်းရဲ့အရိုးကွဲသံကြားလိုက်ရတယ် မေးခိုင်ပိုးဝင်ထားသလို မြင်ကွင်းတစ်ခုလုံးဟာ ပြာနှမ်းနေတာပဲ
ဘဝဟာ ဆောင်ဓားကိုယ်စီနဲ့ ဘဝဟာ သံသယကိုယ်စီနဲ့
ကျောချင်းလည်းကပ်မရဘူး ရင်ချင်းလည်းအပ်မရဘူး...

အဲ့ဒါ အမှန်ပဲ အကိုတော်
မိုက်စ် :)))

 

ရှိတယ် မရှိဘူး ဖြစ်တယ် မဖြစ်ဘူး အသိဥာဏ်တစ်ခုလုံးမွမွကြေနေပြီ ဘာဆိုဘာမှ အဖြေမထွက်ဘူး

စိတ်ပေါ်အသိတင်သလို သံသရာပေါ်မေးတင်ပြီး လှုပ်လှုပ်ခတ်ခတ်ကို လွမ်းပစ်လိုက်ဖို့ အချိန်မရဘူး
အမှန်တရား သေတွင်းဖြောင့်နိုင်ဖို့ ကိုယ့်ဘဝကိုယ် စိုက်လိုက်မတ်တတ်ရိုက်ခွဲပစ်လိုက်ရတယ်

တစ်ဘဝစာ။

 

''ေ နသာထိုင်သာရှိအောင် ဖျော့ရှရှဆုံးဖြတ်ပစ်လိုက်မိတယ် ... အမှန်တရားသေတွင်းဖြောင့်နိုင်ဖို့ ကိုယ့်ဘဝကိုယ် စိုက်လိုက်မတ်တတ် ရိုက်ခွဲပစ်လိုက်ရတယ် ... တစ်ဘဝစာ'' အရမ်းကို ကြိုက်တယ် စကားလုံးအဓိပ္ပါယ်နက်တယ် ထိတယ် အစ်ကိုရေ ...

 

အားပေးသွားပါတယ်..

 

နှင်းမကျတဲ့ တစ်ဘ၀စာလေး ဖတ်ရင်း နက်ရှိုင်းတဲ့ လူ့ဘ၀ကြီးအကြောင်း အတွေးလေးတွေဝင်သွားတယ် ညီလင်းနိုင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

 

လူဟာလူပီသကြောင်း အာစေးထည့်ခံထားရ ဝပ်ကျင်းထဲ ခွေခေါက်နေရ နေသာထိုင်သာရှိအောင်
ရိုက်ခွဲပစ်လိုက်ရတယ် အလင်းရဲ့အရိုးကွဲသံကြားလိုက်ရတယ် ...

 

ရှိတယ် မရှိဘူး ဖြစ်တယ် မဖြစ်ဘူး အသိဥာဏ်တစ်ခုလုံးမွမွကြေနေပြီ ဘာဆိုဘာမှ အဖြေမထွက်ဘူး
....စာသားလေးတွေကောင်းလိုက်တာနော်....

 

မေး . . လူဟာလူပီသဖို့ အာစေးငုံထားစရာလိုရဲ့လား
ဖြေ . . မလိုဘူးထင်တယ် :D


မိငြိဏ်းခက်

 

ရှိတယ် မရှိဘူး ဖြစ်တယ် မဖြစ်ဘူး အသိဥာဏ်တစ်ခုလုံးမွမွကြေနေပြီ ဘာဆိုဘာမှ အဖြေမထွက်ဘူး

စိတ်အကွဲထဲစိုက်ဝင်လာသမျှကို နာနာကျည်းကျည်း ခပ်ထုတ်ပစ်နေရ

စာသားတွေကြိုက်တယ်ဗျာ။။။

 

အစ်ကို ကျိန်တွယ်ပြထားတဲ့ ထိထိရှရှစာသားတွေက ရင်ထဲနက်နက်ရှိုင်းရှိုင်းရောက်တယ်။

 

တကယ်ထိထိရှရှ ဆို့ဆို့နင့်နင့်ခံစားရတဲ့ ကဗျာတစ်ပုဒ်ပါဗျာ ။

 

Post a Comment

Related Posts Plugin for WordPress, Blogger...