ကိုယ့်ကျောက်စာမှ ကိုယ်မထွင်းနိုင်ရင်
အမေပေးခဲ့တဲ့ လက်နှစ်ဖက်
သုသာန်လက် ဝကွပ်အပ်သင့်တယ် ။
သင်္ခါရနှင်းပြာဝေထဲ
လောကဓံစုန်း ထစ်ချုန်းတောက်စေ
ဘဝရင်ရိုးတစ်လျှောက်တော့
အညှီအဟောက်ကင်းပါစေ ။
ကိုယ့်ဝမ်းစာကိုယ်ရှာစား
ကိုယ့်စိတ် ကိုယ်မောင်း
လမ်းတိုင်း မဖြောင့်ပေမယ့်
လျှောက်သလောက်တော့
ရောက်လိမ့်မယ် ။
ဓားတောင်မကျော်နဲ့
မီးပင်လယ်မဖြတ်နဲ့
ကိုယ့်စိတ်ကိုယ် ချွန်းပေါက်နိုင်သရွေ့
အနေဆိတ်ပေမယ့်
မင်းဟာ
လူစိတ်နဲ့ လူ ။
ညီလင်းနိုင်
1 comments:
ဒါကတော့ညီလေးအတွက်ပေါ့ . . သို့ပေမယ့် . . ညီမလေးလဲ ဖတ်မှတ်သွားပါတယ် :) အစ်ကို့ကဗျာတွေက စကားလုံးရွေးချယ်မှုအားအရမ်းကောင်းတာက ထူးခြားချက်ပါ :)
(ဆက်လျှောက် . . ခံစားချက်နဲ့ဆက်လျှောက်) :D
Post a Comment