ကြည်မွေ့စရာပင်လယ်မှာ
လရောင်ကလေး ဖိတ်ကျနေသလို
သက်မဲ့မြေနီလမ်းကလေးရဲ့ ဒဏ္ဍာရီဟာ
အထီးကျန်မှုနဲ့ စိုစွတ်တယ် ။
ညအဟောင်းတွေထဲ
သူရဲကောင်းဓားလိုမြိတဲ့ ကျိန်စာမှာ
ရင်တစ်အုံလုံး တစ်စစီ ဆုတ်ဖြဲခံပြီး
ဝေဒနာကိုလက်ထိုးအန်တော့
ကဗျာတွေသာ ပန်းလိုပွင့်ခဲ့ရ ။
ကဝေမလေးရေ
ဘဝကို ခေါစာပစ်လိုက်ရအောင်ကလည်း
သုံညတစ်ထပ် အကြွင်းမဲ့မို့
ဆန္ဒတွေ ငြိမ်းမှုတ်ချိန်
အလွမ်းတွေသာ
ဖျစ်ဖျစ်မြည်ရင်း
အရိုးထိအောင် စိမ့်ဝင် စိုက်ခဲ့ပေါ့ ။
1 comments:
တကယ့်တကယ်တမ်းတော့လဲ
အလွမ်းတွေက ဖိတ်တစ်ဝက်စင်တစ်ဝက်ပါပဲ :)
Post a Comment