ညီလင်းနိုင်: ဒဏ်ရာတွေသာ ပန်းလိုပွင့်ခဲ့ပေါ့ ဘဝမှာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ဒဏ်ရာတွေသာ ပန်းလိုပွင့်ခဲ့ပေါ့ ဘဝမှာ










အသွားတစ်ဖက်ဆာနေတဲ့စိတ်ကို ဝပ်ကျင်းထဲ ထိုးဖွက်ထားလိုက်တယ်

ကြယ်ငွေ့တွေဖြာယိုစီးနေတဲ့အိမ်အိုလေးထဲ မေမေ့ရဲ့ အပြုံးလေး လတ်ဆတ်သေးရဲ့လား

ရနံ့တွေ တဖွဲဖွဲရွာနေမြဲအတိတ်ကို ဘယ်လိုစိတ်နဲ့ မှုတ်ခြွေသတ်လိုက်ရမလဲ

အိမ်လွမ်းစိတ်ဟာ အလင်းဟပ်ခံလိုက်ရတဲ့အမှောင်လို နှလုံးအိမ်ကို ဖျန်းကနဲရိုက်ချသွားတယ်


တံပိုးသံကြွက်ကြွက်ဆူနေတဲ့ လောကီမှာ ဘယ်လို သူရဲကောင်းမှ ဓားအိမ်လွတ်နဲ့ကလို့မရဘူး

စိမ့်ဖြာနက်ရှနေတဲ့အတ္တဆိုတာ မာနခိုးတွေနဲ့ ရက်လုပ်ထားတဲ့ပါးပျဉ်းထဲက အစွယ်

ကျင့်သားရနေတဲ့ တစ်ဘဝစာအငုံ့စိတ်ကို ခြေသုပ်ပုဆိုးလို ခွေခေါက်ချထားလိုက်တယ်


သတ်ကွင်းထဲ အရိုင်းဆန်ပြမှ နန်းတော်တစ်ခုလုံးသိမ်းပိုက်ရြေ
ကးဆို

လက်ယက်တွင်းကလေးထဲမှာပဲ နေပျော် သေပျော်ချင်ပါတယ်

နှင်းကြမ်းတစ်ဆုပ်နဲ့တော့ ဆောင်းကိုမခြိမ်းခြောက်လိုဘူး

လက်ဖျံရိုးကိုယ်စီမှာ စီးဆင်းနေတဲ့သွေး ဗီဇတရားတော့ ကွာဟနေလိမ့်မယ်


ရင်ဘတ်ချင်းယှဉ်ခုတ်ရကြေးဆို ကိုယ့်အသက်တာနဲ့ကိုယ်လင်းဝေနြေ
ကမြဲမဟုတ်လား

နဂါးမျက်စောင်းကိုမှ စောင်းအိုတစ်လက်နဲ့ ချော့သိပ်ချင်တဲ့သူ 
 
ပြာပုံထဲမှာပဲလွင့်ဝေမှိန်ဖျော့ ပျောက်ရှခဲ့ရပေါ့

တစ်လမ်းမောင်း ထိုးစိုက်လာတဲ့နေရောင်မှာ ပန်းအချို့ပွင့်ဆန်း မြက်အချို့ညှိုးမြန်း


ဘဝကို ဘယ်လိုဂီတနဲ့ နောက်တစ်လှမ်းဆုတ်လိုက်ရမလဲ

မှိုတစ်ပွင့်ရဲ့နူးညံ့မှုနဲ့ ကျစ်မာတဲ့မြေပြင်လွှာကို ရိုက်ခွဲထိုးထွက်လာသလို

လူတစ်ယောက်ရဲ့အတ္တကိုတော့ ဘယ်လိုဓားမျိုးကမှ ဖောက်မဝင်နိုင်တော့ဘူး


တစ္ဆေရောင်သင်္ကေတတွေ ဖဝါးထပ်မျှလိုက်ပါလာတဲ့လမ်း ဗျာပါဒကို စွန့်ခွာချွတ်ချထားခဲ့ရုံ

တိမ်းမူးနာပျော်ဖွယ်မှန်သမျှဟာ ရင်ဝထဲ အသံတိတ်ဝင်ရောက်လာတဲ့ မြားတစ်စင်း

မှုတ်ချေထိုးသတ်ခံလိုက်ရတဲ့ မီးညွန့်တစ်စရဲ့ လားရာအရပ်ကို သူရူးမျက်လုံးနဲ့ မမြင်နိုင်ခဲ့ဘူး


လွှင့်တင်ထားတဲ့ညှိမှုဥဒါန်းကို အမာရွတ်မကျန်အောင် ထူထောင်နေရမှတော့

ဘယ်လိုဇာတ်သိမ်းမျိုးက ရွှန်းဝေတောက်စား လဲ့ဖြာပြနိုင်ဦးမှာတဲ့လဲကွယ်

ခွေးသွားစိတ်လိုလက်ပြန်ရိုက်ချ
က်တွေထဲ သေမထူးနေမထူးမေတ္တာတရား အသက်ငင်နေပုံ

အဖန်တလဲလဲဝပ်ဆင်းနေတဲ့အသံမှာ ထစ်ချုန်းလျှပ်စီးမှုကို အာစေးထည့်ထားလိုက်တယ်

အသက်ဝင်နေတဲ့ ညနေညိုရီတွေထက် ကင်းဘတ်စထဲကဆည်းဆာက ပိုလှုပ်ခတ်ပြနေနိုင်တာမဟုတ်ဘူး

အနူပညာရဲ့စိတ်အလွှာတရားကသာ ကြီးမြတ် တန်ဖိုးတက်နေတာဖြစ်တယ်


ဦးလည်မသုန်တိတ်ဆိတ်လွန်းတဲ့ မြေကြီးရဲ့တဖွဖွရွတ်တွားသံအား အခြေလွတ်နေသူ မကြားနိုင်

ယူကျုံးမရ ထစ်အပြတ်ရှခံလိုက်ရတိုင်း ပုရပိုက်ထဲကတေးသွားဟာ စကြာဝဠာနံရံကိုတဖျန်းဖျန်းရိုက်ခွဲတယ်

အဲဒီတေးသွားထဲမှာ ယုံကြည်ရာကိုကိုင်ဆွဲရင်း အသက်ဓာတ်ကို လွှတ်ချပြသွားသူတွေရဲ့ အတ္ထုပ္ပတ္တိပါတယ်


ငန်းမန်းတက်နေတဲ့ အမှောင်ထဲ ငွေစက္ကူနဲ့လဲလှယ်ခံလိုက်ရတဲ့ အပျိုရည်အချို့ရဲ့ အတ္ထုပ္ပတ္တိပါတယ်

သူစိမ်းဆန်တဲ့လောကထဲ အဖိတ်ဖိတ်အစင်စင်လွတ်ကျကွဲနေတဲ့ 
 
ဆာလောင်မျက်ဝန်းတွေရဲ့အတ္ထုပ္ပတ္တိပါတယ်

စလယ်ဆုံးအကြောင်းတရားနဲ့ မညီညွတ်ပြနိုင်တော့တဲ့ ကျမ်းစာအုပ်တစ်ချို့ရဲ့ အတ္ထုပ္ပတ္တိပါတယ်


ဖုန်တက်သွေလှီမှုတွေထဲ ထိုးချေခံထားရတဲ့  သူရဲကောင်းအချို့ရဲ့ အတ္ထုပ္ပတ္တိပါတယ်

ရှိမှုထက် သိမှုဟာ အမြဲနောက်ကျနေတတ်တဲ့ ရထားတစ်စင်း

အကြောင်းတရားဗလာနယ်မှာ အကျိုးတရားလောင်မီးကျနေတာတော့ မဖြစ်နိုင်ဘူး


ဒီလိုဆိုရင် ပြင်ဆင်ခွင့်မရှိတဲ့ အတိတ်ကို ဘယ်လိုဓားနဲ့ ဖြတ်တောက်ပစ်လိုက်ရမလဲ ငါ့ရှင်

ရေတစ်စက်ချင်းနဲ့ မုတ်သုံကိုပစ်ပေါက်ချူယူနေရတာ
ထက် ပင်လယ်ကိုပဲ အာငွေ့ပေးချင်နေမိတော့တယ်

အခုအခံမရှိတဲ့ပစ်မှတ်ကို ဘယ်လိုစိတ်နဲ့ ပစ်ပေါက်နေရက်ကြတာလဲ


လေးသည်တော်ရဲ့ မြားတစ်စင်းအတွက် တုံ့ကြွေးမဆပ်လို ရန်လို ရန်ပို သစ္စာတရားကို ပူဇော်ရင်း

ဒဏ်ရာတွေသာ သောသောခြိမ့်ခြိမ့်နဲ့ တစ်နွေလုံး ခြေတရွတ်ဆွဲခဲ့ရပေါ့

ရနံ့နဲ့လက်ထပ်ရမှ ပန်းဘဝဖြစ်လာတာမဟုတ်ပေမယ့် ပိုးကိုက်ခံလိုက်ရတဲ့သစ်သီး 
 
ပွဲတော်ထဲဝင်ခွင့်မရခဲ့ဘူး

မြစ်လိုစီးချင်သူ ကမ်းပါးကိုတိုက်စားရကြေးဆိုရင် အဲဒီပင်လယ်ထဲ ကျွန်တော် မရောက်ချင်တော့ဘူး

အချိုးတစ်ကွေ့ထဲ လက်ဗလာနဲ့ ရောက်လာခဲ့တဲ့ခရီးသည် လက်ဗလာနဲ့ပြန်ရဦးမှာပေါ့

အခါခပ်သိမ်းထိရှလာခဲ့တဲ့အရာတိုင်းကို တံတားတစ်စင်းလို ဖြေလျော့ထားလိုက်ပါ့မယ်

အနက်ပြန်လို့မရတဲ့ သွေဖီခြင်းတပွေ့တပိုက်နဲ့ ဒီတောအုပ်မှာ မလင်းလိုတော့ဘူး

ကဝေလည်းကဝေအလျောက် မှော်ဆရာလည်း မှော်ဆရာလည်းအလျောက် 
 
လက်တစ်ဖျစ်ဆီမှာတော့ အံ့သြဘနန်း

ချစ်သူမုန်းသူရင်ငွေ့ချင်းတော့ ဘယ်တူပါ့မလဲ အစွန်းထွက်တာရှိရင် သာသာယာယာ ခပ်ထုတ်လိုက်ကြရုံ

အလင်းကိုကြိုတတ်မှတော့ အမှောင်ကိုလည်း ဖက်ရမ်းနမ်းရှိုက် ဖွဖွရွရွကြွေကျပေးလိုက်ကြတာပေါ့

မြင်ကွင်းထဲကဘီလူးထက် နောက်ကျောက ဓား ဝိဥာဉ်ခြွေသွားတာများပြီ

ဖရိုဖရဲ အစိမ်းချုပ်လိုက်ရတဲ့ တံခါးတစ်ချပ်နောက်မှာ နာကျင်မှုဟာ ငယ်သံပါလွန်းတယ်

တိတ်တိတ်ဆိတ်ဆိတ်ကျကွဲသွားတဲ့ ကြယ်တစ်စင်းလို 
 
ကိုယ့်ဈာပနကို ကိုယ့်လျှာနဲ့လျက် ဖြေသိမ့်လိုက်ပါ့မယ်

ဆီမီးတစ်ဆုပ်နဲ့ လင်းဝေလိုခဲ့သူမဟုတ် တံတားတစ်စင်းလို အလျားထိုးခံပေးထားသူရဲ့ သစ္စာ

သပ်ရပ်စွာလှည်းကျင်းချထားတဲ့ ရင်တလင်းပြင်ထဲ ဒဏ်ရာတွေသာ ပန်းလိုပွင့်ခဲ့ပေါ့ ဘဝမှာ ။




 
 
 
 
ညီလင်းနိုင် 
 
 
 
 
 

6 comments:

ကဗျာရှည်ကြီးကိုလာဖတ်သွားပါတယ်...
စာသားခပ်လန်းလန်းလေးတွေကို မှတ်သားသွားတယ်နော်..း)

 

အရေးအသားလေးတွေ အားပေးသွားတယ် :)

 

စာသားလေးနဲ့ရေးဖွဲ့ထားတဲ့အသုံးနှုံးတွေလက်ဖျားခါသွားပါပြီ...
တကယ်ချီးကျူးပါတယ်...ချင်...

 

ဦးလည်မသုန်တိတ်ဆိတ်လွန်းတဲ့ မြေကြီးရဲ့တဖွဖွရွတ်တွားသံအား အခြေလွတ်နေသူ မကြားနိုင် ... ဒဏ်ရာတွေသာ ပန်းလိုပွင့်ခဲ့ပေါ့ ...

 

အိမ်လွမ်းစိတ်ဟာ အလင်းဟပ်ခံလိုက်ရတဲ့အမှောင်လို နှလုံးအိမ်ကို ဖျန်းကနဲရိုက်ချသွားတယ်။

ကယ်ကယ်ရေ... ရင်သပ်ရှုမော ကဗျာကို ခံစားသွားတယ်..........။

 

မြစ်လိုစီးချင်သူ ကမ်းပါးကိုတိုက်စားရကြေးဆိုရင် အဲဒီပင်လယ်ထဲ ကျွန်တော် မရောက်ချင်တော့ဘူး
ကျွန်မလဲ ဒီအတိုင်းပါပဲ-----
ပူစူးနဲ့အိမ်ချင်းကပ်ရက်ပါ ငယ်သူငယ်ချင်းတွေပေါ့ ကိုခြူးက ကျွန်မတို့နှစ်ယောက်ကိုဂီတာသင်ပေးခဲ့တာလေ
ငယ်ငယ်က သီချင်းရေးတဲ့ဆရာမဖြစ်ချင်ခဲ့တာ ၂၀၀၃ ပြန်တုန်းက ပူစူးလာတွေ့သေးတယ်
နောက်ပိုင်းမတွေ့တော့ဘူး သူ့အကိုတွေနဲ့တော့ပြန်တိုင်းဆုံဖြစ်တယ် ကိုစိန်သိန်းလေ ကိုခြူးနဲ့လဲ အိမ်ချင်းကပ်ရက်ပါပဲ
၁၀-၁၁-၁၂ လေ ကျွန်မက ၁၁ မှာပေါ့ ကစားဖော်ဆိုလဲဟုတ်တယ် ပူစူးက ၅ ဖြေပြီးတန်းနွေရာသီမှာ ဒရမ်သင်တန်းတက်နေပြီ သတိရမိတယ် ကိုညီလင်းရေ ဖြူစင်တဲ့ငယ်ဘ၀တွေကို
ခုပူစူးနဲ့အဆက်သွယ်ရှိလား ရှိခဲ့ရင်ပြောပြပါနော်
ခင်မင်တဲ့ jasmine

 

Post a Comment

Related Posts Plugin for WordPress, Blogger...