ညီလင်းနိုင်: ကြယ်ခူးခွင့်မရှိတဲ့ ကောင်းကင်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကြယ်ခူးခွင့်မရှိတဲ့ ကောင်းကင်










လောင်မီးကျနေတဲ့အရပ်မှာ ဘယ်လိုသမာဓိကမှ အခက်အလက်ဝေဖြာထွက်မလာနိုင်တော့ဘူး

ခုတ်ထားတဲ့အသံမှာတောင် ပရိဒေဝဟာ ယဲ့ယဲ့ယိုင်ယိုင် တငွေ့ငွေ့စွဲလောင်နေတယ်

ကျောရိုးရိုက်ချိုးခံလိုက်ရတဲ့ လေတံခွန်လို ပင့်သက်တိုင်းဟာ ရိရိနွမ်းနွမ်း တိတိပပ ကျွမ်းကျခဲ့ရ


ပေါပေါပဲပဲစကားတစ်ခွန်းနဲ့ မိုးမျက်နှာကြက်မှာ ကြယ်တွေကို စိုက်ထူလို့မရဘူး


အဝေးကတိမ်ဖျားမှာ စိုက်ဝင်နေတဲ့အလွမ်း ဘယ်သောင်ကမ်းမှာ ထိုးစိုက်ရမယ် မသိ

ပကတိဝပ်ကျင်းကလေးထဲ ကြေကွဲရောင်ဓာတ်ပြားတစ်ချပ်နဲ့ အငုံ့စိတ်ကိုပဲ ခပ်သောက်နေခဲ့မိပေါ့

တစ်နွေလုံးငုံထားခဲ့ရတဲ့ ကဗျာမှာ နာကျင်မှုဟာ ခက်ခက်ဝေဝေနဲ့ အမြစ်ရှည်နေခဲ့တယ်


နက်နက်ကျင်ကျင်ခူးခပ်ထားသမျှမှာ ဘယ်သူကများ မွေ့လျော်စွာ ကျဆုံးချင်ပါ့မလဲကွယ်

လေးကိုင်းထဲ ဘဝကိုထည့်ပြီး ဘုရားသခင်ဆီပဲ ပစ်လွှတ်လိုက်ချင်တော့တယ်

ဥသြဆွဲဝင်လာတဲ့ မြင်ကွင်းမှာ ကဗျာဆရာရဲ့ သေအံ့မူးမူးညနေခင်းဟာ သွေးအလူးလူး


သေကောင်ပေါင်းလဲဘဝမှာ အနက်ထည်မှန်သမျှသာ ရိုးမြေကျစွာ မြစ်မြစ်တွယ်တွယ်

ကဗျာဆရာဆိုတာ ဘဝခုတ်ရာတစိုစိုနဲ့ ကန္တာရထဲခရီးသွားနေသူ

ကဗျာဟာ မာတိကာမှာ ဆောင်းဝင်စားလို အိနြေ္ဒနက်နက်လွယ်ပိုးထားရင်း

ရင်ထဲကမီးတောက်ကလေး ပျို့တက်လာတိုင်း နံရိုးတစ်စုံနဲ့ကုတ်ခြစ်


သစ္စာကျောက်ဆောင်ကို အမြိုက်တရားတွေနဲ့ လင်းဝေစေခဲ့သူပေါ့ ။






 
ညီလင်းနိုင် 
 
 
 
 
 

10 comments:

စာသားတွေ မိုက်တယ်... Good Job :)

 

လောင်မီးကျနေတဲ့အရပ်မှာ ဘယ်လိုသမာဓိကမှ အခက်အလက်ဝေဖြာထွက်မလာနိုင်တော့ဘူး---------------------------------------------

စစချင်း စိတ်ဝင်စားလိုက်တာ ဖတ်ရင်းနဲ့ ဆုံးမှန်းမသိ ဆုံးခဲ့တယ်
ခင်မင်တဲ့ jasmine

 

နက်နက်ကျင်ကျင်ခူးခပ်ထားသမျှမှာ ဘယ်သူကများ မွေ့လျော်စွာ ကျဆုံးချင်ပါ့မလဲကွယ်
မှန်တယ်။ စာသားလေးက ခံစားရတယ်။
အားပေးဖတ်ရှု့ခံစားခဲ့ပါတယ်ဦးညီ။

 


ကဗျာဆရာဆိုတာ ဘဝခုတ်ရာတစိုစိုနဲ့ ကန္တာရထဲခရီးသွားနေသူ

ကဗျာဟာ မာတိကာမှာ ဆောင်းဝင်စားလို အိနြေ္ဒနက်နက်လွယ်ပိုးထားရင်း

ရင်ထဲကမီးတောက်ကလေး ပျို့တက်လာတိုင်း နံရိုးတစ်စုံနဲ့ကုတ်ခြစ်

သစ္စာကျောက်ဆောင်ကို အမြိုက်တရားတွေနဲ့ လင်းဝေစေခဲ့သူပေါ့ ။

ကဗျာလေးအရမ်းကောင်းတယ်ဗျာ

 

ကဗျာဟာ မာတိကာမှာ ဆောင်းဝင်စားလို အိနြေ္ဒနက်နက်လွယ်ပိုးထားရင်း

ရင်ထဲကမီးတောက်ကလေး ပျို့တက်လာတိုင်း နံရိုးတစ်စုံနဲ့ကုတ်ခြစ်

သစ္စာကျောက်ဆောင်ကို အမြိုက်တရားတွေနဲ့ လင်းဝေစေခဲ့သူပေါ့ ။
အရမ်းအရမ်းမိုက်တယ်... သင်ပေးပါဆိုမှမသင်ပေးဘူး.. :P

 

တစ်နွေလုံးငုံထားခဲ့ရတဲ့ ကဗျာမှာ နာကျင်မှုဟာ ခက်ခက်ဝေဝေနဲ့ အမြစ်ရှည်နေခဲ့တယ်

နက်နက်ကျင်ကျင်ခူးခပ်ထားသမျှမှာ ဘယ်သူကများ မွေ့လျော်စွာ ကျဆုံးချင်ပါ့မလဲကွယ်

လေးကိုင်းထဲ ဘဝကိုထည့်ပြီး ဘုရားသခင်ဆီပဲ ပစ်လွှတ်လိုက်ချင်တော့တယ်
ကဗျာလေး အရမ်းကောင်းတယ် စာသားတွေက တစ်ကယ်အမြင့်ကြီးပဲ တစ်ချို့စာသားတွေဆို သိပ်တောင်နားမလည်ချင်ဘူး.. တော်တော်စဉ်းစားရတယ်..လေးစားပါတယ်
ခင်တက်တဲ့
လေပြေ

 

ကဗျာဆရာဆိုတာ ဘဝခုတ်ရာတစိုစိုနဲ့ ကန္တာရထဲခရီးသွားနေသူ

ကဗျာဟာ မာတိကာမှာ ဆောင်းဝင်စားလို အိနြေ္ဒနက်နက်လွယ်ပိုးထားရင်း

ရင်ထဲကမီးတောက်ကလေး ပျို့တက်လာတိုင်း နံရိုးတစ်စုံနဲ့ကုတ်ခြစ်

သစ္စာကျောက်ဆောင်ကို အမြိုက်တရားတွေနဲ့ လင်းဝေစေခဲ့သူပေါ့ ။

 

ခေါင်းစဉ်ကအစ တစ်ပုဒ်လုံး နှစ်သက်မိပါတယ်

~ Kk ~

 

ခေါင်းစဉ်လေးမှာတင် နှစ်သက်ခဲ့မိတယ်....အကိုရေ..
ခံစားအားပေးလျှက်..

 

စကားလုံး အဖွဲ့အနွဲ့လေးတွေ ကြိုက်တယ်

 

Post a Comment

Related Posts Plugin for WordPress, Blogger...