ညီလင်းနိုင်: အရိုးထဲဖောက်ဝင်သွားခဲ့တဲ့ ဆည်းဆာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အရိုးထဲဖောက်ဝင်သွားခဲ့တဲ့ ဆည်းဆာ










ပင်လယ်ကို ဒုန်းစိုင်းစီးလာခဲ့သမျှ ကျောက်ဆောင်နဲ့ ရိုက်ခွဲခံလိုက်ရတဲ့ လှိုင်းလို ရင်တစ်ခုလုံး ဖွာကနဲ

ဆူးခက်ခြုံထားတဲ့ နေရောင်ရဲ့ အမြီးကို တည့်တည့်တက်နင်းလိုက်မိတယ်

မျက်တွင်းဟောက်ပက်ကြီးရဲ့ နိုင်ငံတော်မှာ ဘယ်လိုအဟာရမျိုးမှ မသုံးဆောင်လို


လက်ဖျောက်တစ်ချက်စာ ဒီရုပ်နာမ်ကလေးထဲ အရာရာဟာလေးလံလွန်းခဲ့

စကြာဝဠာတစ်ခုလုံး ထွက်ကျလာတတ်တဲ့ ခံတွင်း ပေါင်မုန့်တစ်ချပ်စာအတွက် ညဉ့်နက်လွန်းလိုက်တာ

နေရောင်စိုစိုအောက်မှာ ဘဝဆိုတာကို မီးညှိပြီးရင် လရောင်ကို ထ မလွမ်းကြေး


ဂူအောင်းနေတဲ့ကျိန်စာကို အစဆွဲထုတ်လိုက်မိသလို သံသရာတစ်ဆုံး လျော်မဆုံးဘူး

မြင်ကွင်းထဲ ဆိုက်ရောက်လာတဲ့ရထားမှာ ဘဝအသေ ဘယ်နှစ်တွဲပါလဲ

သံယောဇဉ်ဆိုတာ ရင်နဲ့ခတ်လိုက်တဲ့မီးတောက် / မမြင်ရဘူး ( ငွေ့လောင်နေတယ် ) 


နက်နက်ကျင်ကျင် လွှင့်တင်ခဲ့သမျှဟာ ရေဒီယိုထဲကသီချင်း

အဖိုးတန်သတ္တုမှန်သမျှ အနက်ရှိုင်းဆုံးမြေလွှာအောက်မှာပဲ ဝင်စားတယ်  


ညအကန်းကြီး ဥသြဆွဲဝင်လာတိုင်း အလွမ်းက ထထအူနေတာ မခက်ဘူးလား

မြွေပွေးခါးပိုက်ပိုက်ထားရတဲ့လူ
့ရွာမှာ ဘယ်အရာကိုမှမယုံကြည်ရတာကို ယုံကြည်တယ်

လက်တစ်ကမ်းက သီချင်း လက်မလှမ်းခင်မှာပဲ တုံးလုံးပက်လက်

ဖုန်းဆိုးမြေမှာပွင့်တဲ့ပန်း မနမ်းဝံ့သလို အမြီးနှစ်ခွစိတ်က အသိဥာဏ်ကို ဆုတ်ဖြဲတယ်

စကားမစပ်ပြောရရင် ကိုယ့်ရင်ဘတ်နဲ့ကိုယ် သစ်ရွက်ကလေးကြွေတာအစ

လအစင်းတစ်ထောင် ထ ပွင့်တာအဆုံး ဘယ်လိုသတ်ပုံမျိုးမဆို စားမြုံ့ပြန်ပစ်လိုက်

လိပ်ပြာလုံရင် အမှားတစ်ထောင် မှားပစ်လိုက် မြက်ကလေးတစ်ရွက်စာ မနွမ်းကြေး

ရာဇဝင်ကို တက်တူးထိုးထားတဲ့ ကောင်းကင်အောက်မှာ အသက်ရှူရတာ မဝဘူး

ဘဝဆိုတာ စိတ်နဲ့ခတ်ထုတ်လိုက်တဲ့ မီးတောက် တိမ်တွေမှာ စွဲလောင်နေသလို

ညအသေကြီးရောင်ကိုင်းလာတဲ့အထိ မိုက်မိုက်မဲမဲ ရက်လွန်နေတဲ့ တရား

ဆည်းဆာလေးတဖျောက်ဖျောက်ကြွေကျလာ
ချိန် အလင်းရဲ့ အရိုးကျိုးသံကို ကြားလိုက်ရတယ်

မလွှပွင့်ကလေးတွေ ခူး/ကောက် နေချိန်အထိ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး

ယဇ်ကောင်တွေရဲ့ ဈာပနမှာ ကိုယ်ပါဝင်နေခဲ့လိမ့်မယ်ဆိုတာ ။ 








ညီလင်းနိုင် 




15 comments:

အဖိုးတန်သတ္တုမှန်သမျှ အနက်ရှိုင်းဆုံးမြေလွှာအောက်မှာပဲ ဝင်စားတယ်
ညအကန်းကြီး ဥသြဆွဲဝင်လာတိုင်း အလွမ်းက ထထအူနေတာ မခက်ဘူးလား

မြွေပွေးခါးပိုက်ပိုက်ထားရတဲ့လူ့ရွာမှာ ဘယ်အရာကိုမှမယုံကြည်ရတာကို ယုံကြည်တယ် ..........................

(ညအကန်းကြီး ဥသြဆွဲဝင်လာတိုင်း အလွမ်းက ထထအူနေတာ မခက်ဘူးလား) ညအကန်းဆိုတဲ့စာလုံးလေးကိုအဲလို သုံးထားတာသဘောကျတယ်
ခင်တဲ့ sis jasmine

 

ဒီလိုကဗျာမျိုးလေးကို ကြိုက်တယ်

 

မလွှပွင့်ကလေးတွေ ခူး/ကောက် နေချိန်အထိ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး

ယဇ်ကောင်တွေရဲ့ ဈာပနမှာ ကိုယ်ပါဝင်နေခဲ့လိမ့်မယ်ဆိုတာ ။
သံယောဇဉ်ဆိုတာ ရင်နဲ့ခတ်လိုက်တဲ့မီးတောက် / မမြင်ရဘူး ( ငွေ့လောင်နေတယ် )
အရမ်းမိုက်တာပဲ.. တကယ်ကြိုက်တယ်...း)

 

စကားလုံးလေးတွေကြိုက်တယ်..တော်ပြီကွာ.
ညီလင်းကဗျာတွေဖတ်ပြီးရင် မကြိုက်မိတာရယ်လို့လဲ တခါမှမရှိဘူး..
နောက်ကဗျာတွေအတွက်ပါ ကြိုပြီးမန့်လိုက်တော့မယ်..
အရမ်းနှစ်သက်ပါတယ်လို့..(စတာနော်)
ညီလင်းကဗျာတိုင်းကို စွဲစွဲလန်းလန်းလာဖတ်နေဖြစ်လို့ပါ
ဘာမှဟုတ်ပါဝူး..
ခင်တဲ့..မိုးနတ်

 

နေရောင်စိုစိုအောက်မှာ ဘဝဆိုတာကို မီးညှိပြီးရင် လရောင်ကို ထ မလွမ်းကြေး

ဂူအောင်းနေတဲ့ကျိန်စာကို အစဆွဲထုတ်လိုက်မိသလို သံသရာတစ်ဆုံး လျော်မဆုံးဘူး


ရာဇဝင်ကို တက်တူးထိုးထားတဲ့ ကောင်းကင်အောက်မှာ အသက်ရှူရတာ မဝဘူး



ကြိုက်လိုက်တာ ဦးညီရဲ့ ကဗျာတွေကို ...
မိုက်တယ်......ခံစားနှစ်သက်ခဲ့ပါတယ်

 

ကဗျာလေးက မြင့်ပြီး လန်းတယ်။
ခင်မင်တဲ့

 
This comment has been removed by the author.
 

ကဗျာလေးကို တွေးတောခံစားခဲ့ပါတယ်။။။

 

လိပ်ပြာလုံပါတယ်။ ဒါပေမယ့် အမှားတစ်ထောင်မှားရင် ဘယ်သူလာပြင်ပေးမလဲ။ တစ်ခုလေးမှားမိရင်တောင် ၀ိုင်းလက်ညှိုးထိုးတဲ့သူတွေအများကြီးပဲအစ်ကိုရေ။

 

ကြိုက်တယ်.......
ကဗျာတပုဒ်လုံးကို......

 

ကဗျာလေးအရမ်းကြိုက်တယ်အားပေးသွားပါတယ်။

 

ကဗျာလေး လာအားပေးတယ်ဗျို့ :D

 

အားကျလိုက်တာ အစ်ကိုရေ ... ကဗျာလေးဖတ်ရှုအားပေးသွားပါတယ် ... မိုးညလည်း အဲလိုလေးတွေ ရေးတတ်ချင်လိုက်တာ ...

 

နေရောင်စိုစိုအောက်မှာ ဘဝဆိုတာကို မီးညှိပြီးရင် လရောင်ကို ထ မလွမ်းကြေး

 

နေရောင်စိုစိုအောက်မှာ ဘဝဆိုတာကို မီးညှိပြီးရင် လရောင်ကို ထ မလွမ်းကြေး

 

Post a Comment

Related Posts Plugin for WordPress, Blogger...