ညီလင်းနိုင်: မိသားစု ၂

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

မိသားစု ၂

ငါပြန်လာခဲ့ပါတယ်
မိသားစုမရှိတဲ့အိမ်တံခါးဝဆီ ငါ့စိတ္တဇကိုမီးဖိုဖို့ ငါပြန်လာခဲ့ပါတယ်
နာကျင်မှုတွေလိမ်းကျံထားတဲ့ ငါ့အခန်းကလေးက ငါ့ရင်ကွဲသံတွေကို
စူးစူးဝါးဝါးထိုးဟောင်တယ်
ရေးလက်စကဗျာတွေက ငါ့မျက်ရည်တွေကို ဆို့ဆို့နင့်နင့်ခင်းကျင်းတယ်
အလေ့ကျသက်ပြင်းတွေက ငါ့စိတ်အလွှာထဲ ကြယ်တွေလို စိုးစိုးစီစီ အရိုးတွန်တယ်
ငါ့နာကျင်မှုက ငါ့အတွေးကို ဓားလိုဝင်သွေးနေမှတော့
ငါ့ကဗျာတွေဟာ ငါ့သေတမ်းစာပါပဲ
အခု ငါ့စိတ်မှာ ဂူအောင်းနေတာ ကမ္ဘာဦးမီး
ငါမရွတ်ဆိုနိုင်တဲ့ ခေါင်းစဉ်ဟာ မိသားစု
တစိမ့်စိမ့်စိုနေတဲ့ မိသားစုတွေကိုမြင်တိုင်း ငါ့စိတ်ဟာ တဖျစ်ဖျစ် စ လောင်တော့တာပဲ
ငါမရောက်နိုင်တဲ့လမ်းဟာ ငါ့စိတ်ပေါ်အခါခါဖြတ်လျှောက်ပြီး
ငါမဖတ်နိုင်တဲ့ တစ်ခုတည်းသော အဓိပ္ပါယ်ဟာ မိသားစု
မိသားစုသီချင်းမှာ ငါ့အသံဟာ တစ်ကြိမ်မှ မလင်းဘူး
မိသားစုသစ်ပင်မှာ ငါ့အခက်အလက်ဟာ တစ်ကြိမ်မှ မပွင့်ဘူး
မိသားစုကြိုးဟာ ငါ့ညတွေကို အခါခါဆွဲဆန့်တယ်
မိသားစုဆန္ဒဟာ ငါ့မနက်ခင်းတွေကို အကြိမ်ကြိမ် အရေခွံဆုတ်တယ်
ငါဟာ အရှိန်နဲ့ပျက်ကျသွားတဲ့ကိုယ်ဝန်
ငါဟာ အရှိန်နဲ့လမ်းချော်သွားတဲ့ရထား
ကျောက်သားမှာ ထွင်းထားတဲ့ အဓိပ္ပါယ် 
အသက်ဇီဝမှာ သွေးသွန်နေတဲ့အခင်းအကျင်း
ငါ့အသံဟာ ညကြီးမင်းကြီး လျှပ်စီးတယ်
ငါ့အသံဟာ ညကြီးမင်းကြီး ကျကွဲတယ်
ငါ့အသံဟာ ညကြီးမင်းကြီး လောက်ကျတယ်
ငါ့စိတ်အလွှာကို ရိုက်ခွဲမိတော့မယ်
ငါ့အသက်တာကို ဆုတ်ဖြဲမိတော့မယ်
ကြယ်တွေကြားမှာ လင်းနေတာလည်း မိသားစု
တိမ်တွေထဲမှာ ရွေ့နေတာလည်း မိသားစု
မြက်ခင်းပြင်မှာ စိမ်းနေတာလည်း မိသားစု
ပလက်ဖောင်းမှာ လန်းနေတာလည်း မိသားစု
အမှောင်နဲ့စပ်ချုပ်ထားတဲ့ငါ့အခန်းမှာ ငါ့ဒဏ်ရာဟာ အဲသလို ထိန်ထိန်ညီးနေတုန်း
ရင်ထဲကရေဆူအမှတ်ဟာ ရိုးမြေကျအောင် ရင့်သန်တယ်။




ညီလင်းနိုင်

1 comments:

Saudi Arabia Experts Company
It is normal to put furniture in our homes as if it will remain forever. We carefully arrange bedroom furniture, kitchen cabinets, air conditioners, washing machines and dishes. The time and effort required by the transfer, and the expected risk of furniture on the other hand, but all of this may apply to the usual methods of moving furniture or managing furniture alone, but it can end entirely with a specialized furniture transfer company.شركة تركيب اثاث ايكيا بالرياض
شركة تركيب ستائر بالرياض
شركة تنظيف مكيفات بالرياض
شركة تركيب غرف نوم بالرياض
شركة تركيب باركية بالرياض

 

Post a Comment

Related Posts Plugin for WordPress, Blogger...