စုန်းကိုက်ခံရတဲ့ဆောင်းလို
အယောင်ဆောင်နှင်းဟာ
ရာသီဦးမှာပဲ
အချပ်လိုက်ကြွေတယ် ။
ထိလွယ်ရှလွယ် အမာရွတ်တွေထဲ
ကြွတ်ဆတ်တဲ့ ဓားတွေက
ရင်ဘတ်တွေပေါ်
တိုးလျှိုပေါက်
ဖြတ်လျှောက်ခဲ့ကြပြီ ။
အို ..... အရှင်
ဝိဥာဉ်ချင်း ဝတ်မှုန်ကူးခွင့်ရရင်
ချောင်းခြား ဘဝတွေကို
လတစ်စင်းစီ
လက်ဆောင်ပေးလှည့်ပါ ။
ဘဝဦးကထဲက
ဘဝမဖူးငုံဖူးတဲ့
ဘဝတွေအတွက်
ရိတ်သိမ်းစ ကောင်းကင်လို
ဆောင်းတစ်ခုလုံး ပွင့်ဝေနေအောင်
ကရုဏာတွေ စွတ်စိုပါစေတော့ ။
ညီလင်းနိုင်
0 comments:
Post a Comment