အဝေးရောက်နှလုံးအိမ်လေးပါ အမေ
ရင်ငွေ့ဇောနဲ့ အသက်ဆက်ရင်း
အလွမ်းတစိုစိုနဲ့
သေကောင်ပေါင်းလဲ ဖြစ်ပျက်ကြားထဲ
ဒုက္ခမိုင်တိုင်တွေ မရေနိုင်ခဲ့ဘူး ။
ချုပ်ညရီ လဲ့ပြာပြာအောက်
ဆည်းဆာထဲ စိုက်ဝင်ခဲ့စိတ်နဲ့
စံပယ်တွေ အတုန်းအရုံးကြွေလို့
ထက်ပိုင်းကျိုး နိစ္စဓူဝမှာ
ကြေကွဲမြစ်တွေ ရှုမျှော်မဆုံးဘူး ။
သံယောဇဉ်နှင်းကြွင်းတစ်စနဲ့
ဆာဟာရမှာ အသက်ဆက်နေခဲ့သူလို
သတိရခြင်းတွေ ထွန်းညှိရင်း
အိမ်အိုဟောင်းလေးရဲ့ ရင်ခွင်နွေးထဲ
ကျွန်တော့်ရဲ့ ချို့ငဲ့ဆန္ဒတွေကို
တစ်သက်စာ
တစ်ဘဝစာ
မြှုပ်နှံခွင့်ပြုပါတော့ အမေ ။
ညီလင်းနိုင်
1 comments:
အိမ်အိုလေးပေမယ့် . .
အမြဲတမ်းအနွေးဓာတ်အပေးနိုင်ဆုံးနေရာလေးပဲလေ :)
Post a Comment