ညီလင်းနိုင်: စစ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စစ်








ဘုရားပေးတဲ့ အသက်ကိုချစ်တတ်လို့ 

ဘုရားတားတဲ့ စစ်ကို မုန်းခဲ့တယ် 

ရွက်ခြောက်လို ဘဝများ 

မပေါ့မပါးနဲ့ မီးသင့်ချိန် 

မေတ္တာတရားဟာ ညှော်နံ့သင်းခဲ့ရ ။ 



ညတစ်ခင်းလုံး သွေးဆာနေပုံများ 

အသက်နဲ့ ဘဝကို ပြောင်းဝလက် 

ဝကွက် အပ်ထားရတယ် ။ 
 



ဗိုက်ဆာနေချိန်မရှိဘူး သမီးရေ 

နိုင်လိုမင်းထက် အတ္တစီးချင်းထိုးပွဲမှာ 

ငါတို့အသက်တွေဟာ


မြက်ဖျားပေါ်က နှင်းမျက်ရည် ။






ညီလင်းနိုင် 





Related Posts Plugin for WordPress, Blogger...