ဟောဒီအမေဟာလေ
ဝီရနှင်းတွေ ရွှဲစိုအောင်
တောက်ပခဲ့တဲ့သူ ။
ဧရာဝတီရဲ့ အိနြေ္ဒကြီးရင့်မှုအတိုင်း
သမိုင်းသစ်ကို ရင်ဘတ်နဲ့ ထုဆစ်ခဲ့သူ ။
ဒီကောင်းကင်ရဲ့ လင်းလက်မှုမှာ
ရာဇဝင်တွေ အကြိမ်ကြိမ်
ပွင့်ဖူးခဲ့တယ် ။
ဒီကမ္ဘာမြေပြင်ရဲ့
နှလုံးသားတိုင်းမှာ
သူရှိတယ် ။
ကြီးမြတ်ခြင်းတို့ စီးဆင်းရာ
ငြိမ်းချမ်းခြင်းတို့ မွေးဖွားရာ
အနှိုင်းမဲ့တဲ့
ဒီလတစ်စင်းရဲ့ မေတ္တာတေးမှာ
ကြယ်စင်တွေ ဖွေးဖွေးလှုပ်
ရွာသွန်းခဲ့တယ် ။
သက်တော်ရာကျော် ရှည်ပါစေ
အမေ
ဒီအရိပ်နဲ့ ဒီလှိုင်းမှာ
ထင်ကျန်ခဲ့ အမေ့ရဲ့ အပြုံးတွေ
ပေးဆပ်ခဲ့သမျှ အမေ့စာမျက်နှာတွေ
တိုင်းဆမရတဲ့
အမေ့ရဲ့ မေတ္တာတရားတွေကို
ဒီကမ္ဘာမြေကြီးကလေ
သူ့ရဲ့ နှလုံးသားကျောက်စာမှာ
ထာဝရ ကမ္ဗည်းရေးထိုးထားခဲ့ပါပြီ အမေ ။
ညီလင်းနိုင်
1 comments:
regardez ici Dolabuy Dior rapport complet Chloe Dolabuy recommandé de lire Louis Vuitton Dolabuy
Post a Comment