ညီလင်းနိုင်: ညမီးအိမ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ညမီးအိမ်








မိုက်

မှောင် နေလိုက်တာ

အလင်းရောင်မရှိ

ပကတိနက်နဲ

ကမ်းမမြင်လမ်းမမြင်

အမှောင်ဖုံးလွှမ်း ။



အကြောက်တရားတွေကြောင့်မှောင်

မသိနားမလည်မှုတွေကြောင့်မှောင်

အမှောင်ချခံရမှုကြောင့်မှောင်

မှောင်နဲ့ မည်းမည်းမှာ

လမ်းပြမယ့်သူမရှိ ။




အလင်းတစ်စက်

ဟိုဝေးဝေးမှာ

တဖြည်းဖြည်းနဲ့

လင်း

လက်လာတယ်

ညမီးအိမ်တဲ့ ။ 



အမှောင်ကမ္ဘာကို လင်းလက်စေမယ့် သူ

လမ်းပျောက်သူကို လမ်းပြပေးမယ့် သူ

အလင်းအားဖြင့် ဘ၀တွေကို တောက်ပစေမယ့် သူ

ညမီးအိမ် ။




ညို 



1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...