ညီလင်းနိုင်: တစ်ကိုယ်ရည် အလွမ်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

တစ်ကိုယ်ရည် အလွမ်း








လမ်းအသေတွေ မွမွကြေနေတာများ 

စိတ်တစ်ခုလုံး ရစရာမရှိ 

ညှော်တက်လာတဲ့ အသံတွေထဲမှာ 

ခုတော့ 

တရိရိ လောင်ကျွမ်းရင်း 

နေ့စဉ်ပိုင်ဆိုင်ခြင်းဟာ 

ဆွေးမြေ့ရင့်ရော်ခြင်း ။




မွေ့လျော်ခဲ့ဖူးတဲ့ ခေါင်းလောင်းသံ 

အဝေးမှာ ကျန်ခဲ့ပြီ 

ညအခါလသာသာ ရထားခြေရာတွေ 

အဝေးမှာ ကျန်ခဲ့ပြီ 

နှင်းစက်လက် ခြင်္သေ့လည်ပြန် 

အဝေးမှာကျန်ခဲ့ပြီ 

ဆွတ်ပျံ့တဲ့ လူနဲ့အင်္ကျီတစ်ထည် 

အဝေးမှာ ကျန်ခဲ့ပြီ ။



တင်ရှိခဲ့ဖူးသော ကြွေးဟောင်းများ 

တင်ရှိခဲ့ရသော ကြွေးသစ်များ 

ညှို့ယူထိခတ်ခဲ့ရသော 

လွင်ပြင်မျက်နှာကြက်များ 

ပိုင်းခြားမရ အမှားအမှန်များ 

တစ်ကိုယ်ရည် လွမ်းဆွတ်မှုများ 

ဥသြတစ်စင်း 

ရနံ့တစ်စုံ 

ယူကလစ်ထူထူတွေနဲ့ 

မလွှပွင့်တွေကို လွမ်းတယ် ။



ဝမ်းနည်းတိုင်း 

မျက်ဝန်းထဲ မိုးစွေလာခဲ့တာ 

သံသရာတစ်ခုလုံး စုန်းစုန်းမြုပ်ခဲ့ပေါ့ ။





ညီလင်းနိုင် 






1 comments:

ဝမ်းနည်းတိုင်း

မျက်ဝန်းထဲ မိုးစွေလာခဲ့တာ

သံသရာတစ်ခုလုံး စုန်းစုန်းမြုပ်ခဲ့ပေါ့ ။

 

Post a Comment

Related Posts Plugin for WordPress, Blogger...