ညီလင်းနိုင်: စံပယ်ဖြူ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စံပယ်ဖြူ








စံပယ်ရေ 

တစ်ကိုယ်ရေ ထွန်းညှိခဲ့ 

ငါ့အလွမ်းများစွာထဲ 

သုံးရာသီ ဆိပ်ကမ်းအောက် 

ငါဟာ တိတ်ဆိတ်စွာ 

ကြေကွဲနေခဲ့သူပါ ။ 



ငါ့ကမ္ဘာ ငါ့သစ္စာထဲမှာလည်း 

သေးနူပ်တဲ့ ငါ့ဝပ်ကျင်းဟာ 

မင်းအတွက် တစ်ကိုယ်စာ 

ပူနွေးနေဆဲပါ စံပယ် ။ 




ကောင်းကင်တစ်ခုလုံး 

ညှို့နေအောင် ပွင့်ခဲ့တဲ့ 

ငါ့ချစ်ခြင်းတွေအတွက် 

ငါဟာ နောင်တမဲ့ 

ရထားတစ်စင်းပါကွယ် ။ 



တစ်ကယ်တော့ 

စံပယ်တွေ ရွှဲရွှဲစိုနေတဲ့ 

ဟောဒီ ညနေညိုညိုတွေထဲ 

ငါဟာ သူရဲကောင်းမဟုတ်ခဲ့ရင်တောင် 

ငါမြတ်နိုးတဲ့ ဒီစံပယ်ခင်းထဲ 

ဥယျာဉ်မှူးပဲ ဖြစ်ချင်တယ် ။ 




ညီလင်းနိုင် 






Related Posts Plugin for WordPress, Blogger...