ညီလင်းနိုင်: လမ်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

လမ်း







နေခြည်ရွှန်းစိုနေတဲ့ မနက်ခင်းလေးရေ 

နှင်းဝတ်ရည်ကျမကွဲခင် 

စေတီဦးမှာ စိတ်ကိုချွတ်လို့

တစ်သက်စာ နူတ်ဆက်ခဲ့ပါရစေ ။



အဆိပ်သင့်နေတဲ့ ဆောင်းလခြမ်းလေးရေ 

ညလေပြေသွေ့မခြောက်ခင် 

နောင်တတွေ သွင်သွင်စီးစေဖို့

တစ်သက်စာ နူတ်ဆက်ခဲ့ပါရစေ ။




ဝေးကွာခြင်းဝတ်ရုံနဲ့ တမ်းတဖော်လေးရေ 

သံယောဇဉ်မီးမကျွမ်းခင် 

ရင်ကွဲနာ နွမ်းမှာစိုးလို့

တစ်သက်စာ နူတ်ဆက်ခဲ့ပါရစေ ။



လောက ဓမ္မ သင်္ခါရကြား 

ဇက်ကြိုးမဲ့ စိတ်နဲ့ 

တစ်နွေလုံးလောင်ခဲ့သမျှ 

ဥပေက္ခာဂီတအောက်မှာ 

တစ်ဘဝစာ လျှော်ဖွပ်ခဲ့ပါရစေ ။ 




  

ညီလင်းနိုင် 






3 comments:

လမ်းးးးးးးးးးးးးးးလမ်းးးးးးးးးပျောက်တဲ့နေ့ရက်များးးးးးးးးးး (လေးဖြူသီချင်းလေးပါ) :) ဒီလမ်းကတော့ပျောက်မဲ့လမ်းမဟုတ်ပါဘူးး :P

 

Post a Comment

Related Posts Plugin for WordPress, Blogger...