ညီလင်းနိုင်: ဥပေက္ခာနွေဦး

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ဥပေက္ခာနွေဦး







နွေဦးတည်စ တပေါင်းလဝယ် 

ပီယသံချို ဥသြပျိုတို့

တွန်သံကျူးရင့် သံတော်ဆင့်သည် 

ရင်နင့်လွမ်းမော ရွက်ကြွေတော။ 


ပျဉ်းမငုတ်တို သစ်ငုတ်အိုနှင့် 

တေးဆိုငှက်ကျား ပုံရိပ်များသည်

ယူကလစ်တော ထနောင်းရောပြီး 

လွမ်းမောဖွယ်ရာနွေကဗျာတည်း။ 



ဆွေးရိပ်ပုံထင် လွမ်းစိတ်ဝင်ဘိ 

ကိုင်းပင်ရိုးခက် လယ်ကွင်းထက်၌

ယာတောစောင့်သူ ဘိုးမောင်လူသည် 

ကြင်သူမနီး အထီးတည်း။ 


ဆင်းရဲချမ်းသာ နိမ့်မြင့်ရာတွင် 

ကြင်နာသွန်းဖြိုး ရွာသွန်းမိုးသည်

နွေလယ်ကန္တာ ခမ်းခြောက်ရာသို့ 

ဘယ်ခါမရောက် သွန်းမပေါက်။ 


လောကဓမ္မ သင်္ခါရတွင် 

နိစ္စမပြတ် မြင်ရှုမှတ်၍ 

ဖော်မဲ့နွေလယ် ဥပေက္ခာဝယ် 

ကြဉ်ဖယ်လူထူး မညည်းဘူး။ 







ညီလင်းနိုင် 






Related Posts Plugin for WordPress, Blogger...