ညီလင်းနိုင်: ည

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ







တစ်ဘဝလုံး တိတ်ဆိတ်ခဲ့တယ် 

ရင်တစ်ခုလုံးထွေးမရအန်မရနဲ့

အလင်္ကာတွေ စုန်းစုန်းချုပ်ခဲ့မှတော့

တော်လဲသံအလူးလူးမှာ

အမှောင်ကို ငုံကိုက်ရင်း

ယဇ်တဖွဲဖွဲအောက် အလင်းပျောက်ခဲ့ရပေါ့ ။




မီးစာကုန်လို့ ဆီခမ်းခဲ့တာ မဟုတ်ပါဘူး

ဘဝအစကတည်းကိုက

ထွန်းညှိစရာပါမလာတာ ။





အက်ကွဲနေတဲ့ အမှောင်တွေမှာ

ကြယ်တွေမြင်တိုင်း စိတ်တစ္ဆေကိုက်ခံရတာ

အရိုးထိအောင်နာတယ် ။




အရည်ရွှမ်းနေတဲ့

အလင်းကိုမော့သောက်ဖို့

ကျိန်စာသင့်နေသော

ဝီရတရားတစ်စင်းဟာလေ

ဘယ်တော့မှ

ပြန် ရှင် မ လာ ခဲ့ တော့ ဘူး ။





ညီလင်းနိုင် 





Related Posts Plugin for WordPress, Blogger...