ညီလင်းနိုင်: မဆိုဖြစ်ခဲ့တဲ့ သီချင်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

မဆိုဖြစ်ခဲ့တဲ့ သီချင်း









နဂါးခံတွင်းမှာ လယ်သူမ ထမင်း 

သန်လျက်အစင်းစင်းနဲ့ သေနေသလား 
 နေ့တွေကို အရေခွံချွတ်ပါ 

လေတစ်ဝှေ့စာမှာ သက္ကရာဇ်တွေ ဘဝကူးကောင်းပါစေ 


ရနံ့အသိုးတွေချည်း ငောက်တောက်ထပန်းနေမှတော့ 


မြင့်မြတ်တဲ့ ဆံနွယ်ကိုယ်စီ ချွတ်ပြီး စိုက်ပျိုးကြတာပေါ့ 


လေလွင့်ဝိဥာဉ်တွေထဲ ညှို့ကွင်းမိနေတဲ့ တလင်းလို 


မသူတော်အလံလွှင့်ပွဲ မျက်နှာဖုံးကိုယ်စီနဲ့ ကြွရောက်ပါ 


ဒုက္ခတင်းပြည့်ကျပ်ပြည့်ကို လက်နက်လို ကိုင်ဆွဲထား 


မြုံနေတဲ့ ဘဝတွေ လင်းပွင့်ဖို့ 


ဖုန်းဆိုးရင်တစ်အုံလုံး 


အမြစ်ကနေလှန်ပြီးမျို 


ဘဝတိုတိုမှာ ဒီသီချင်း 


လောင်မြိုက်ခြင်း ကင်းပါစေ ။ 





ညီလင်းနိုင် 





Related Posts Plugin for WordPress, Blogger...