ညီလင်းနိုင်: လူလားမမြောက်တဲ့ကောင်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

လူလားမမြောက်တဲ့ကောင်










တစ္ဆေမေးဖျား ချိတ်ဆွဲ ခံထားရတဲ့ကောင်ပါ

တောက်ထုတ်စရာ မလိုအောင်ကို

မှုန်မွှားပြထားပြီးသား

အလျားအနံအတွက် အတိုင်းအတာရှိရင်

ဘဝအတွက်ရော ပေကြိုးမလိုဘူးလား


ဖွတ်တစ်ကောင်ရဲ့ တွေဝေမှုမျိုး ဘယ်အထိ စွဲကပ်နေမလဲ

ကျားလျှာနဲ့ ချော့မြူခံရတဲ့ ယုန်နူတ်ခမ်းလို

နာကျင်မှုဟာ တဖျတ်ဖျတ် ပဲ့ထွက်နေပလား


အလိုမကျတိုင်း အသစ်က ပြန်စနေရအောင်

ဘဝဟာ တစ်ကြိမ်ထဲမွေးခဲ့တာ မဟုတ်ဘူးလား

မြို့ ရွာ လယ်ကွင်း သစ်ပင် လူ နတ်

ရှင်ခြင်းနဲ့ သေခြင်းကြား ရှင်သန်ပုံ တော်တော်ကွဲသလား

ရှေ့ဘဝ နောက်ဘဝ ပစ္စုပ္ပန် စကြာဝဠာဟာ မြဲသလား / မမြဲဘူးလား


ဗြဟ္မာသက်တမ်း / ဘဝသက်တမ်း

အသိ / သတိ / ဘာမှ မသိ

နွားလို ယဉ်ကျေးခဲ့ / နွားလို ငြိမ်သက်ခဲ့မှတော့

နွားလို့ပဲ ခေါ်ကြပြီပေါ့

ဖြုတ်ခြေရာခွက်ထဲကကောင်ပါ

ဘာဆိုဘာမှ မသိခဲ့ပါကြောင်း


ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲပြရမလား


ဝဲပျံနေမှ လိပ်ပြာတဲ့လား

ငါမသိ ငါမရှိ သူ / သူမ ၊ ပုဒ်မ / ပုဒ်ထီး

အိုဘယ့် အမှန်တရား

အမှန်တရားပါဆိုတဲ့ အမှန်တရားကြီးရဲ့

အမှန်တရား ဘယ်နှစ်ခု ရှိနေပါသလဲ ။ 






ညီလင်းနိုင် 




 

1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...