အရိုးရင့်နေတဲ့အဆန်တရားဟာ မီးကုန်ယမ်းကုန်ကျိန်စာမှာ မှော်ဝင်လာတယ်
အမှားတစ်ချို့ ကြေကွဲရောင်ညအခန်းဆက်မှာ ယူကျုံးမရခြင်းတွေကိုစားသုံးရင်း
အမှောင်ရူးရူးထဲ ရင်ကွဲနာကျနေခဲ့ပြီ
လေဆန်လမ်းမှန်ရင် ရင်ကွဲတတ်မှန်းတော့ သိတာပေါ့ကွယ်
ပျံရင်းသေရတာကိုက ရှင်သန်ခြင်းရဲ့ အလိုတော်မဟုတ်လား
မြင့်မြတ်တဲ့ပွဲတော်မှာ သက္ကရာဇ်ထဲက ရက်စွဲတစ်ခုလို
မှုန်ရီဖျော့ရှ မှတ်တမ်းမရခဲ့တဲ့ အမှောင်လေးတစ်စပါ မေမေ
သံယောဇဉ်ဆိုတာ
အလိုမတူပဲမော့သောက်ပစ်လိုက်ရတဲ့ အထီးကျန်ခြင်းလို
အဝါရောင် အတိတ်ရဲ့နှင်းတွေက ခါး လိုက် တာ ။
ညီလင်းနိုင်
7 comments:
တကယ်ကောင်းတဲ့ ကဗျာလေးပါ....
အမှားတစ်ချို့ ကြေကွဲရောင်ညအခန်းဆက်မှာ ယူကျုံးမရခြင်းတွေကိုစားသုံးရင်း
အမှောင်ရူးရူးထဲ ရင်ကွဲနာကျနေခဲ့ပြီ
တီတီကတော့ မြှောက်နေပြီဗျာ ..... :)
ကဗျာလေးတွေကြိုက်တယ်...
လင့်ချိတ်ထားလိုက်ပီနော့..အမြဲလာဖတ်မယ်...
ပျောရွှင်ပါစေ....။
ကိုညီလင်းရေ
အတွေးတွေကောင်းတော့ စာသားကောင်းလေးတွေထွက်တယ်နော်
ဥပမာ=အလိုမတူပဲမော့သောက်ပစ်လိုက်ရတဲ့ အထီးကျန်ခြင်းလို အဲလိုလေးတွေပေါ့
မိုးအေးအေးမှာ နှင်းဆွတ်တဲ့ဒဏ်ရာလာရောက်ခံစားရင်းပေါ့လေ
လွန်ခဲ့တဲ့၃နှစ်လောက်က ကွsန်မရေးဖူးတယ်
အရိုးရင့်နေတဲ့ အလွမ်းများဆိုပြီးလေ----အရိုးရင့်ဆိုတဲ့ စကားကိုကြိုက်လို့ပါ
ဘလော့မှာမတင်ရသေးဘူး နိုင်းဆိုဒ်တွေမှာတော့တင်ဖူးတယ်
လာလည်ပေးလို့လဲ ကျေးဇူးပါရှင်
ဒီလိုပဲ လှပတဲ့ကဗျာလေးတွေ အမြဲရေးနိုင်ပါစေလို့
ခင်မင်တဲ့ jasmine
ထုံးစံအတိုင်းပေါ့ . . . . . ။ :)
စကားလုံးသုံးစွဲပုံက ကောင်းဆဲပါ
အားပေးလျှက်ပါ
နတ်သမီး
အမှောင်ရူးရူးထဲ ရင်ကွဲနာကျနေခဲ့ပြီ
ကဗျာလေးကိုကြိုက်သွားပြီရှင့်......
daaalo734
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
supreme outlet
Post a Comment