သူငယ်ချင်းရေ
မေ့ပစ်လိုက်စမ်းပါကွယ်
လောကဓံတရားရဲ့ စီးချင်းထိုး
ညနေညိုရီ လွမ်းဘွဲ့တေးတွေကို
မင်း မေ့ပစ်လိုက်စမ်းပါ
ဟောဒီမှာလေ
ငြိမ်းချမ်းရေး အလင်းအိမ်
အဲဒီကောင်းကင်ကြီးထဲ
လရောင်ရွှဲတဲ့ မေတ္တာတရားတွေ
အပြိုင်းအရိုင်း ဖူးပွင့်နေကြတယ်
အနာဂတ်တေးသီမယ့်
စကြဝဠာရဲ့ နံရံများထဲ
ရင်ချင်းအပ် အရိုးထွင်းစာတွေ
တသွင်သွင် စီးဆင်းနေကြတယ်
အပျိုစင်လို သန့်ရှင်းတဲ့
ဝိဘဇ္ဇနှင်းခွဲ လက်တွေထဲ
မျိုးကွဲတဲ့ ရောင်စုံ စံပယ်တွေ
စိတ်ချင်းထပ် သွေးနီးနေကြတယ်
သက္ကရာဇ်တိုင်းကို ယက်ဖောက်မယ့်
မိသားစု ပျိုးခင်းထဲ
ကောင်းကင်ကြီးရဲ့ ကရုဏာတော်တွေ
စွေးစွေးနီ ချုပ်သီနေကြတယ်
အဆုံးအစမဲ့ ပျံသန်းမယ့်
အနာဂတ် ရာဇဝင်တွေထဲ
သိင်္ဂါရနှင်းရဲ့ အလင်းနှစ်တွေ
ဖွေးဖွေးလှုပ် ကြဲပက်နေကြတယ်
သူငယ်ချင်းရေ
မေ့ပစ်လိုက်စမ်းပါကွယ်
လောကဓံတရားရဲ့ စီးချင်းထိုး
ညနေညိုရီ လွမ်းဘွဲ့တေးတွေကို
မင်း မေ့ပစ်လိုက်စမ်းပါ
ဟောဒီ ကောင်းကင်ကြီးထဲမှာလေ
ကျန်စစ်မင်းရဲ့ စွန့်လွှတ်ခြင်းတွေရှိတယ်
မာသာထရီဇာရဲ့ ကရုဏာတရားတွေရှိတယ်
ဦးသန့်ရဲ့ ငြိမ်းချမ်းရေးတရားတွေရှိတယ်
ဆိုကရေးတီးစ်ရဲ့ ယုံကြည်ချက်တွေရှိတယ်
သခင်အောင်ဆန်းရဲ့ ဇွဲသတ္တိတွေရှိတယ်
ဗန်ဂိုးရဲ့ နေကြာခင်းတွေရှိတယ်
ဗန်းမော်တင်အောင်ရဲ့ လူတစ်ယောက်ရဲ့တန်ဖိုးတွေရှိတယ်
ယန်းပေါဆပ်ရဲ့ ဖြစ်တည်ခြင်းတွေရှိတယ်
ဒဂုန်တာရာရဲ့ နူးညံ့ခြင်းတွေရှိတယ်
ဒိုင်အောက်ဂျနိစ်ရဲ့ မီးအိမ်ငယ်တွေရှိတယ်
မောင်ထင်ရဲ့ ကိုဒေါင်းအလင်္ကာတွေရှိတယ်
ဘာထရန်ရပ်ဆယ်ရဲ့ အသိပညာတွေရှိတယ်
မောင်ချောနွယ်ရဲ့ လူကြိုက်နည်းတဲ့ကောင်တွေရှိတယ်
မာယာကော့ဖ်စကီးလ်ရဲ့ ဘောင်းဘီဝတ်မိုးတိမ်တွေရှိတယ်
ရှိတယ်.....
ရှိတယ်.....
ရှိတယ်.....
ရှိတယ်.....
သူငယ်ချင်းရေ
မေ့ပစ်လိုက်စမ်းပါကွယ်
လောကဓံတရားရဲ့ စီးချင်းထိုး
ညနေညိုရီ လွမ်းဘွဲ့တေးတွေကို
မင်း မေ့ပစ်လိုက်စမ်းပါ
ရင့်ရော်အလွမ်းတွေ ကျကွဲပြီး
ကောင်းကင်ထဲ မင်းရောက်တဲ့တစ်နေ့
ပြောပြလိုက်စမ်းပါ့ကွယ်
ဟောဒီမှာ
ကောင်းကင်ကြီးရေ
ငါသေသွားခဲ့ရင်လေ
နောင်လာမယ့် အနာဂတ်ကောင်းကင်ရဲ့
ရှုမဆုံးယာခင်းပျိုတွေ ခြေရင်းမှာ
ငါ့အရိုးကို ပြာချပြီး
တစ်ဆိတ်.....
သွန်းလောင်းပေးစမ်းပါကွယ် ။
ညီလင်းနိုင်
မေ့ပစ်လိုက်စမ်းပါကွယ်
လောကဓံတရားရဲ့ စီးချင်းထိုး
ညနေညိုရီ လွမ်းဘွဲ့တေးတွေကို
မင်း မေ့ပစ်လိုက်စမ်းပါ
ဟောဒီမှာလေ
ငြိမ်းချမ်းရေး အလင်းအိမ်
အဲဒီကောင်းကင်ကြီးထဲ
လရောင်ရွှဲတဲ့ မေတ္တာတရားတွေ
အပြိုင်းအရိုင်း ဖူးပွင့်နေကြတယ်
အနာဂတ်တေးသီမယ့်
စကြဝဠာရဲ့ နံရံများထဲ
ရင်ချင်းအပ် အရိုးထွင်းစာတွေ
တသွင်သွင် စီးဆင်းနေကြတယ်
အပျိုစင်လို သန့်ရှင်းတဲ့
ဝိဘဇ္ဇနှင်းခွဲ လက်တွေထဲ
မျိုးကွဲတဲ့ ရောင်စုံ စံပယ်တွေ
စိတ်ချင်းထပ် သွေးနီးနေကြတယ်
သက္ကရာဇ်တိုင်းကို ယက်ဖောက်မယ့်
မိသားစု ပျိုးခင်းထဲ
ကောင်းကင်ကြီးရဲ့ ကရုဏာတော်တွေ
စွေးစွေးနီ ချုပ်သီနေကြတယ်
အဆုံးအစမဲ့ ပျံသန်းမယ့်
အနာဂတ် ရာဇဝင်တွေထဲ
သိင်္ဂါရနှင်းရဲ့ အလင်းနှစ်တွေ
ဖွေးဖွေးလှုပ် ကြဲပက်နေကြတယ်
သူငယ်ချင်းရေ
မေ့ပစ်လိုက်စမ်းပါကွယ်
လောကဓံတရားရဲ့ စီးချင်းထိုး
ညနေညိုရီ လွမ်းဘွဲ့တေးတွေကို
မင်း မေ့ပစ်လိုက်စမ်းပါ
ဟောဒီ ကောင်းကင်ကြီးထဲမှာလေ
ကျန်စစ်မင်းရဲ့ စွန့်လွှတ်ခြင်းတွေရှိတယ်
မာသာထရီဇာရဲ့ ကရုဏာတရားတွေရှိတယ်
ဦးသန့်ရဲ့ ငြိမ်းချမ်းရေးတရားတွေရှိတယ်
ဆိုကရေးတီးစ်ရဲ့ ယုံကြည်ချက်တွေရှိတယ်
သခင်အောင်ဆန်းရဲ့ ဇွဲသတ္တိတွေရှိတယ်
ဗန်ဂိုးရဲ့ နေကြာခင်းတွေရှိတယ်
ဗန်းမော်တင်အောင်ရဲ့ လူတစ်ယောက်ရဲ့တန်ဖိုးတွေရှိတယ်
ယန်းပေါဆပ်ရဲ့ ဖြစ်တည်ခြင်းတွေရှိတယ်
ဒဂုန်တာရာရဲ့ နူးညံ့ခြင်းတွေရှိတယ်
ဒိုင်အောက်ဂျနိစ်ရဲ့ မီးအိမ်ငယ်တွေရှိတယ်
မောင်ထင်ရဲ့ ကိုဒေါင်းအလင်္ကာတွေရှိတယ်
ဘာထရန်ရပ်ဆယ်ရဲ့ အသိပညာတွေရှိတယ်
မောင်ချောနွယ်ရဲ့ လူကြိုက်နည်းတဲ့ကောင်တွေရှိတယ်
မာယာကော့ဖ်စကီးလ်ရဲ့ ဘောင်းဘီဝတ်မိုးတိမ်တွေရှိတယ်
ရှိတယ်.....
ရှိတယ်.....
ရှိတယ်.....
ရှိတယ်.....
သူငယ်ချင်းရေ
မေ့ပစ်လိုက်စမ်းပါကွယ်
လောကဓံတရားရဲ့ စီးချင်းထိုး
ညနေညိုရီ လွမ်းဘွဲ့တေးတွေကို
မင်း မေ့ပစ်လိုက်စမ်းပါ
ရင့်ရော်အလွမ်းတွေ ကျကွဲပြီး
ကောင်းကင်ထဲ မင်းရောက်တဲ့တစ်နေ့
ပြောပြလိုက်စမ်းပါ့ကွယ်
ဟောဒီမှာ
ကောင်းကင်ကြီးရေ
ငါသေသွားခဲ့ရင်လေ
နောင်လာမယ့် အနာဂတ်ကောင်းကင်ရဲ့
ရှုမဆုံးယာခင်းပျိုတွေ ခြေရင်းမှာ
ငါ့အရိုးကို ပြာချပြီး
တစ်ဆိတ်.....
သွန်းလောင်းပေးစမ်းပါကွယ် ။
ညီလင်းနိုင်




2 comments:
ဟောဒီမှာ
ကောင်းကင်ကြီးရေ
ငါသေသွားခဲ့ရင်လေ
နောင်လာမယ့် အနာဂတ်ကောင်းကင်ရဲ့
ရှုမဆုံးယာခင်းပျိုတွေ ခြေရင်းမှာ
ငါ့အရိုးကို ပြာချပြီး
တစ်ဆိတ်.....
သွန်းလောင်းပေးစမ်းပါကွယ် ။
Trabzon
Ağrı
Kilis
Osmaniye
Manisa
Bilecik
Kırklareli
Kütahya
Sivas
Post a Comment