ညီလင်းနိုင်: အနာဂတ်ကောင်းကင် ၂

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အနာဂတ်ကောင်းကင် ၂











ကရုဏာမိုးတွေ ပြိုဆင်းလာတိုင်း

ငါ့နှလုံးအိမ်က ပန်းတွေပွင့်တယ်

ကောင်းချီးတေးသွားတွေ

တစ်သွင်သွင်စီးဆင်းနေတဲ့

ဟောဒီ မြတ်နိုးခြင်းကောင်းကင်အကြောင်း ။



ချုပ်ရိုးများတဲ့ ငါ့ပင်လယ်ထဲ

ကောင်းကင်ရဲ့ အနာဂတ်လမ်းတွေ

ခမ်းနားစွာ တောက်ပလို့

ငါ့အသွေးအသား ငါ့ဇီဝမှာ

ကောင်းကင်ရဲ့ ဗိဗ္မာန်သာ

ငါ့ရဲ့ ဒုတိယဖခင်ဖြစ်တယ် ။



ငါ့သံယောဇဉ် ကန္တာရလွင်ပြင်ထဲ

ကောင်းကင်ရဲ့ အနာဂတ်ပန်းတွေ

အဆုပ်လိုက်ထွေးသီလို့

ငါ့ကမ္ဘာ ငါ့ကျောက်စာမှာ

ကောင်းကင်ရဲ့ အိမ်တော်သာ

ငါ့ရဲ့ ဒုတိယမိခင်ဖြစ်တယ် ။



ချော်ရည်လွှမ်းတဲ့ ငါ့နှလုံးအိမ်ထဲ

ကောင်းကင်ရဲ့ အနာဂတ်နှင်းတွေ

ဝေ့သီအောင် ရွှဲစိုလို့

ငါ့ကဗျာ ငါ့ရင်အုံမှာ

ကောင်းကင်ရဲ့ အကြင်နာသာ

ငါ့ရဲ့ သတို့သမီးဖြစ်တယ် ။



ချောင်းခြားခဲ့ရတဲ့ ဒိုင်ယာရီတွေထဲ

ကောင်းကင်ရဲ့ အနာဂတ်ညတွေ

ချမ်းမြေ့သီ ကြယ်စုံစီလို့

ငါ့ဘဝ ငါ့ကြမ်းပြင်မှာ

ကောင်းကင်ရဲ့ သမုဒယသာ

ငါ့ရဲ့ ဆွေရင်းချာဖြစ်တယ် ။



ပွတ်သပ်ညှို့ယူ စိုက်ပျိုးခဲ့ရတဲ့ ငါ့အနုပညာမှာ

စိတ်တွေကိုခြွေချ

ကောင်းကင်ရဲ့ ပျိုးခင်းတွေထဲ

လင်းလက်လို့စီးဝင်စေ

ရာစုသစ် သံသရာတိုင်

မယိုင်လဲမယ့် ကောင်းကင်ရေ

( ငါဘယ်ရောက်နေနေ )

မင်းဘဝလေး

သံသရာ အဆုံးတိုင်

လင်းလက်တည်မြဲနေပါစေ ။







ညီလင်းနိုင် 





Related Posts Plugin for WordPress, Blogger...