ညီလင်းနိုင်: အစွန်းအထင်းများတဲ့ နှင်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အစွန်းအထင်းများတဲ့ နှင်း









လရောင်မျှားသူရဲ့ မျက်နှာဖုံးဟာ

မြို့ကလေးရဲ့ အနိစ္စကို

ကြယ်ကြွေတွေနဲ့ တို့မြည်းခဲ့ ။



ရာဇဝင်တွေကို အဆိပ်ခပ်

မြင့်မြတ်တဲ့ ဒီသမိုင်း

နေကွယ်အောင် ရိုင်းစေပြီ ။



အမှားအဆက်ဆက်တိုင်အောင်

ခံတွင်းပျက်သူရဲ့ဝိဥာဉ်မြည်းပွဲ

ရင်ကွဲခဲ့ရတဲ့ အမေတွေများပြီ ။




နေထန် လေထန် လှိုင်းထန်

အသက်ဓာတ်ကို လှီးထုတ်ခံနေရတာထက်

အမှန်တရားကိုစတေးခံလိုက်ရတာ ဆိုးတယ် ။



ကွယ်လွန်သူ အမှန်တရားရေ

တစ်ကယ်ပါ

ငါတို့ဟာ ဒီမြို့ကလေးမှာ

တစ်ချိန်တုန်းက ယဇ်ကောင်တွေ ။






ညီလင်းနိုင် 






0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...