ညီလင်းနိုင်: ညတရားစီရင်ခန်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ညတရားစီရင်ခန်း










ဟိုး .......... အဝေးမှာ

တိမ်ရနံ့တသင်းသင်းနဲ့

ဆောင်းကိုယ်ဝန်ဆောင်ထားတဲ့ ရှုမျှော်ခင်း ။



ရှက်သွေးစိုနေတဲ့ငွေ့ရည်အောက်

သခွပ်ကြွေသံ စောင်းတစ်ညှို့မှာ

လရောင်ကို မျှင်းခပ်သောက်နေတဲ့

ယာခင်းလေး ။



တယောလိုသမာဓိနဲ့

မဇ္ဖျိမမြစ်တစ်စင်းလည်း

သုခုမ ပင်လယ်ထဲ

သိမ်မွေ့စွာစီးဆင်းဆဲ ။



ကြယ်ကြွေဈာပနမှာ

စိမ်းညို့နေတဲ့ မြက်တစ်ခင်းအပေါ်

တွဲလွဲခိုထားတဲ့ နှင်းမျက်ရည် ။



အလင်းစ မှန်သမျှကို

ငြိမ်းမှုတ်လို့

ဣနြေ္ဒရရ ပွင့်ပြနေတဲ့

ညကလေး ။



တစ်ကယ်ပါ

အဲဒီညကလေးထဲ

စိတ်တစ်ခုလုံး ခုန်ဆင်း

ဝပ်ဆင်းကျိုးနွံနေပုံများ

ငါနဲ့ ငါ့ဆီ ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး ။






ညီလင်းနိုင် 




1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...