စိတ်တစ်အုံလုံး တယုတယဆွဲထုတ်ပြီး နက်နက်စိုစိုညတစ်ခင်းထဲ
အနက်ရှိုင်းဆုံး ပစ်ပေါက်ထည့်ထားလိုက်တယ်
သေသေကြေကြေလွှင့်တင်ထားတဲ့ ရှုမျှော်ခင်း အမာရွတ်တော့ ဘယ်ကင်းပါ့မလဲ
အလွမ်းထပ်ခိုးကလေးရဲ့ထောင့်တစ်နေရာမှာ နံရိုးတစ်ချောင်းရဲ့ နာမည်ချိတ်ဆွဲထားတယ်
ဆာဟာရမြင်းသည်တော်ရဲ့ မျှော်လင့်ချက်နှင်တံဆိုတာ ကျောတစ်ရာရင်တစ်ရာ သွေဖီခြင်းအလျင်းမရှိ
နံရံမှာချိတ်ဆွဲထားတဲ့ဒဏ်ရာမှန်သမျှအတွက် တစ်သက်စာ ဂုဏ်ယူနိုင်ခဲ့တယ်
ကျောသပ်ရင်သပ်တရားမှာ အခုထိအသားမကျသေးဘူး
ကဝေတွေညှိထွန်းမယ့်မီး အမှောင်အကန်းကြီးထိုင်စောင့်နေသလို

ထဲထဲဝင်ဝင် မိုက်မဲခြင်းမှာ သားရေတများများ
ယူကျုံးမရ ဆွဲဖြဲခံထားရတဲ့ဘဝထဲမှာလည်း နောက်ဆုံးမီးတောက်ဆိုတာ ရှိနေလိမ့်မယ်
စိတ်ကိုစိုက်ဝင်လာတဲ့ဆူး စိတ်နဲ့ပဲ ထွင်းထုတ် အရာရာကို ရိုကျိုးလို့ အခါခါမိုးချုပ်ခဲ့ဖူးပါတယ် အရှင်
ချစ်ခဲ့ဖူးသူတွေ မုန်းခဲ့ဖူးသူတွေ စိတ်တင်ကြွေး အညိုးမရှိ ဆုံခဲ့ဖူးတဲ့ မျက်ဝန်းများ သာသာယာယာရှိပါစေ
ဘဝအကြမ်းကြီးရဲ့နောက်ဆုံးဂီတ ပတ်စာခွာဖျာမသိမ်းခင် ရင်တစ်အုံလုံး လွင်ပြင်လို ဆွဲဖွင့်ထားခဲ့မယ်
လိုရာခရီး ချနင်းနိုင်ပါစေ လွင်ပြင်မြက် မရှမိပါစေနဲ့ ။
ညီလင်းနိုင်

8 comments:
ကဗျာလေးတွေက ကောင်းတာမို့ အထူးတလည်မန့်ဖို့ မလိုဘူးလို့တောင်
ထင်မိတယ်..ဘာကြောင့်ဆို ကဗျာတိုင်းကို တစ်ပုဒ်လုံးကြိုက်ကြိုက်နေတာကိုး
မမစံပယ်ပြောသလို...နောက်ဆို မိုးနတ်လဲ ကဗျာတွေကို ချစ်တဲ့စိတ်နဲ့
ဒီအိမ်လေးကို မကြာခဏအလည်လာရင်း...ကဗျာတွေလာဖတ်ဖြစ်တော့မယ်
ထင်ပါတယ်..
ခင်မင်နေတဲ့...မိုးနတ်
အရမ်းကောင်းတယ်..စာသားလေးတွေလဲ
အရမ်းကောင်းလှပါတယ်.. ဘယ်လိုများအတွေး
လေးတွေရနေတာလဲ.. တကယ်ချီးကျူးတယ်..
ဆန်းဆန်းပြားပြားလေးတွေနဲ့ စကားလုံးတွေကိုအလှဆင်
ထားတာ..း)
ချစ်ခဲ့ဖူးသူတွေ မုန်းခဲ့ဖူးသူတွေ စိတ်တင်ကြွေး အညိုးမရှိ ဆုံခဲ့ဖူးတဲ့ မျက်ဝန်းများ သာသာယာယာရှိပါစေ
ကဗျာကောင်းလေးတွေခံစားတတ်သူ----ကဗျာချစ်တတ်သူများလဲ
သာသာ ယာယာ ရှိပါစေလို့
ခင်မင်တဲ့ sis jasmine
ကဗျာဆရာရဲ့ စာသားလေးတွေတိုင်းမှာ လေးနက်တဲ့အဓိပါယ်တွေတွေ့ရတယ် မာန်အပြည့်နဲ့ ထုဆစ်ထားတဲ့ ကဗျာလေးကို ခံစားအားပေးသွားပါတယ်..
ပျော်ရွှင်ပါစေနော် :)
ခင်တဲ့
လေပြေ
နံရံမှာချိတ်ဆွဲထားတဲ့ဒဏ်ရာမှန်သမျှအတွက် တစ်သက်စာ ဂုဏ်ယူနိုင်ခဲ့တယ်
စိတ်ကိုစိုက်ဝင်လာတဲ့ဆူး စိတ်နဲ့ပဲ ထွင်းထုတ် အရာရာကို ရိုကျိုးလို့ အခါခါ မိုးချုပ်ခဲ့ ဖူးပါတယ် အရှင် ပတ်စာခွာဖျာမသိမ်းခင် ရင်တစ်အုံလုံး လွင်ပြင်လို ဆွဲဖွင့်ထားခဲ့
ရိုးသားတဲ့ ဘ၀ဟာ အများအတွက် ဒုက္ခမဖြစ်စေတာ သေချာခဲ့ပါတယ် ...
အလည်လာရင်း ကဗျာကောင်းလေးကိုခံစားသွားပါတယ်
" စိတ်ကိုစိုက်ဝင်လာတဲ့ဆူး စိတ်နဲ့ပဲ ထွင်းထုတ် အရာရာကို ရိုကျိုးလို့ အခါခါမိုးချုပ်ခဲ့ဖူးပါတယ် အရှင်"
သည်စာကြောင်းလေးကို လည်း အရမ်းပဲကြိုက်မိတယ်
နောက်လည်း သည်ထက်မက ကဗျာတွေကိုဖန်တီးနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
ချစ်ခဲ့ဖူးသူတွေ မုန်းခဲ့ဖူးသူတွေ စိတ်တင်ကြွေး အညိုးမရှိ ဆုံခဲ့ဖူးတဲ့ မျက်ဝန်းများ သာသာယာယာရှိပါစေ
daaalo734
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
supreme outlet
Post a Comment