ညီလင်းနိုင်: အဝေးရောက် နှလုံးအိမ်ထဲက ဧဒင်စိုက်ခင်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အဝေးရောက် နှလုံးအိမ်ထဲက ဧဒင်စိုက်ခင်း










ရေတစ်ပွက်စာ ရှင်သန်ခြင်းမှာ ဘယ်သူကများ စိတ်လိုလက်ရ လောင်မီးကျချင်ပါ့မလဲ

ဝမ်းနည်းမှုဟာ ခနော်ခနဲ့ဘဝထဲကို ဟက်တက်ခွဲပြီး မောင်းဝင်လာတယ်

အနှိမ်ခံတရားဟာ အမိန့်ရလျှပ်စီးကြောင်းတွေလို ကျောသားရင်သားမှာ တရွှမ်းရွှမ်း

အစွယ်တန်းလန်းနဲ့မီးတောက်မှာ ပိုးဖလံတွေလို မိုက်မဲရင်း ကခုန်ပစ်လိုက်ရမလား

ထစ်ချုန်းပြတ်ရှမှုဟာ ကဝေလက်နဲ့ခတ်တဲ့ဗုံလို အူလှိုက်သည်းလှိုက် ဆွတ်ချူနေတယ်

ဘယ်လိုကန္တာရသားကောင်မဆို သတိရစိတ်ကိုတော့ လရိပ်မှာချိတ်ခွင့်ရှိမှာပေါ့

အိပ်မက်တွေခေါက်သိမ်းထားတဲ့မြို့ကလေးအောက် ဆောင်းခိုနေရရှာတဲ့ နံရိုးကလေးဆီ

ချစ်ခြင်းတရားရဲ့ ရနံ့တွေကို သစ္စာလေပြေခင်းထဲ ဝဝလင်လင် လွှင့်တင်ပစ်လိုက်တယ် ။







ညီလင်းနိုင် 
 
 
 
 
 
 

9 comments:

ဝိုးးးးးးးးးး...... မိုက်တယ်...ကြိုက်တယ်
နှစ်သက်စွာ ..ခံစားအားပေးခဲ့ ပါတယ်...

 

လာရောက်ဖတ်ရှုသွားပါတယ်

 

ညီလင်းရဲ့ကဗျာတွေကို ဖတ်တိုင်း အသုံးအနှုန်းလေးတွေ ကြွေချင်စရာ
ကောင်းတာကို သတိပြုမိနေတယ်.....နှစ်သက်မိပါတယ်ညီလင်းရေ.
ဒီတစ်ခေါက်လဲ ညီလင်းကဗျာလေးထဲမှာ မိမိုးနတ်တစ်ယောက်ကြွေရပြန်ပြီပဲ..:)
ခင်မင်နေတဲ့ မိုးနတ်

 

ဘယ်လိုကန္တာရသားကောင်မဆို သတိရစိတ်ကိုတော့ လရိပ်မှာချိတ်ခွင့်ရှိမှာပေါ့
အိပ်မက်တွေခေါက်သိမ်းထားတဲ့မြို့ကလေးအောက် ဆောင်းခိုနေရရှာတဲ့ နံရိုးကလေးဆီ
ချစ်ခြင်းတရားရဲ့ ရနံ့တွေကို သစ္စာလေပြေခင်းထဲ ဝဝလင်လင် လွှင့်တင်ပစ်လိုက်တယ်....
.....လှလိုက်တဲ့ စာသားလေးတွေ
ကျေနပ်စွာဖတ်ခဲ့ရတယ်
ခင်မင်တဲ့ sis jasmine

 

ကဗျာမိုက်မိုက်လေးကိုလာခံစားသွားပါတယ်...
ဘယ်လိုစိတ်ကူးနဲ့ .. ဘာကိုကြည့်ပြီး ဘယ်လိုတွေးပြီး
ဘယ်လိုရေးတယ်ဆိုတာ တကယ်သိချင်ပါတယ်... :)

 

သုံးထားတဲ့ စကားလုံးလေးတွေက မိုက်တော့ နက်နက်နဲနဲ တွေးလေ ပိုလှလေပေါ့.... :)

 

တိပါဖူး... ဖျက်လိုက်တယ်ထင်လို့ စိတ်မကောင်းတွေဖြစ်နေတာ...
ဘာများအရေးမှားသွားလို့ .. မကျေမနပ်ဖျက်လိုက်သလဲလို့ ပေါ့...
ချင်းမလေးကခံစားချက်နုတယ်... :P (တကယ်ပြောတာ.. ကိုယ်လုပ်လိုက်
တဲ့ အရာက သူများအတွက်မနှစ်သက်စရာဖြစ်သွားလို့ သူတို့ ဘက်က
အဲ့လိုတုံ့ ပြန်ခဲ့ရင်ဝမ်းနည်းတတ်လို့ ပါ.. )
မနေ့ ကဘာရယ်မဟုတ်ပါဘူး.. ကဗျာပြန်လာဖတ်တာ... ရေးထားတဲ့ 
ကွန်မန့် မတွေ့ တော့လို့ ... ငါပဲရေးပြီးမတင်လိုက်မိတာလား...သူပဲမလိုချင်
လို့ ဖျက်လိုက်တာလား.. ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုပြန်မေးရင်း.. စိတ်
ထဲရှင်းအောင်.. မေးလိုက်တာပါ... ပြန်တင်ပေးလို့ လဲကျေးဇူးတင်ပါတယ်..
စိတ်ထဲရှင်းသွားပါပြီ... :D :D

 

(...) ရနံ့တွေစွတ်စိုနေသေးသရွေ့
ဒီဧဒင်ဥယျာဉ်ဟာ
ဘယ်တော့မှညှိုးနွမ်းသွားတော့မယ်မထင်ဘူး :)

မိငြိဏ်းခက်

 

ဝမ်းနည်းမှုဟာ ခနော်ခနဲ့ဘဝထဲကို ဟက်တက်ခွဲပြီး မောင်းဝင်လာတယ်
ဗြဲ ဟိဟိ

 

Post a Comment

Related Posts Plugin for WordPress, Blogger...