ညီလင်းနိုင်: တစ်သက်စာ ခိုးယူခံလိုက်ရတဲ့ ငါတို့လက်ထဲက အနာဂတ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

တစ်သက်စာ ခိုးယူခံလိုက်ရတဲ့ ငါတို့လက်ထဲက အနာဂတ်





 





နူတ်ခမ်းဖျားမှာချိတ်ဆွဲထားတဲ့ မီးအိမ်ကလေး အမာရွတ်ရင့်ရင့်ကိုသာ ထူထောင်နေရသလို

အရိုင်းဆန်တဲ့စွတ်ကြောင်းထဲမှာ အာရုံငါးပါးဟာ ခွာရိုင်းကိုဇက်ခွံ့ရင်း ဓားရေးတမြမြ

ငေါထွက်လာတဲ့အသံမှာ ကြေကွဲရောင်နှင်းတွေ တဖွားဖွား သားပေါက်လာသလို

ခေါက်သိမ်းခံလိုက်ရတဲ့ မြစ်တစ်စင်း ဘယ်လိုအလင်းနဲ့ ဆက်စီးရမလဲ

အလင်းကို ကွယ်ဝှက်ထားတဲ့ ညမှာ ရောင်နီဦးဟာ သံခြေကျင်းအထပ်ထပ်

ချစ်ခြင်းတရားက ကပြက်ကချော် နောက်ဆုံးမျိုးဆက်က ကတောက်ကဆတ်

စာနာတရားဟာ ကတုန်ကယင် အရိုးပေါ်အရေတင်နေပုံများ တစပြင်လို အဖျင်းငေါငေါ

ဟေး..... လာကြ .... ရင်သပ်ရှုမော ကြည့်ကြ .....

ရိုးသားမှုကျဆုံးသွားတဲ့ ဒီမြေမှာ ဝံပုလွေတွေဟာ အောင်ပွဲခံကြ

အတိတ်ရဲ့ အိနြေ္ဒတွေကို မီးပုံကြီးထဲ တသောသော ပစ်ထည့်လိုက်ကြ

ခေတ်ပျက်မှာ ကတိကဝတ်ဟာ အစိမ်းသေ / တစ္ဆေလိုပဲ ( ကြားသာကြားဖူးပြီး မမြင်ရဘူး )

ချို့ငဲ့ဘဝတွေကို ဟောင်းလောင်းစိတ်နဲ့ ငေးကြည့်နေရ

တရိရိနွမ်းပသွားတဲ့ဆည်းဆာမှာ အဓမ္မကိုယ်ဝန်လို အမိုက်တရားကိုယ်စီ လွယ်ပိုးထားခဲ့ရ

ဘဝတွေက အလျှံတညီးညီး စိတ်တွေက နာနာကြည်းကြည်း အနာဂတ်ဟာ ခြောက်ခြားစရာကြီး

ဓားဝင်စားလိုနေ့စွဲတွေထဲ ဘဝကိုယ်စီ ခုတ်ရာတရွှဲရွှဲ

မီးဝင်စားလိုနေ့ညတွေထဲ သောကကိုယ်စီ ငွေ့ငွေ့စွဲစွဲ

လောင်မီးဟာ လောင်စာအပြည့်တင်ပြီး အနာဂတ်လမ်းကို ခိုးယူသွားခဲ့ပြီ ။

 




ညီလင်းနိုင် 





12 comments:

ကဗျာလေး ကြိုက်တယ် ကိုညီလင်းနိုင်း)

 

ဟေး..... လာကြ .... ရင်သပ်ရှုမော ကြည့်ကြ .....

ရိုးသားမှုကျဆုံးသွားတဲ့ ဒီမြေမှာ ဝံပုလွေတွေဟာ အောင်ပွဲခံကြ

အတိတ်ရဲ့ အိနြေ္ဒတွေကို မီးပုံကြီးထဲ တသောသော ပစ်ထည့်လိုက်ကြ

တရိရိနွမ်းပသွားတဲ့ဆည်းဆာမှာ အဓမ္မကိုယ်ဝန်လို အမိုက်တရားကိုယ်စီ လွယ်ပိုးထားခဲ့ရ




ခံစားခဲ့ ပါတယ်အစ်ကို...အစဉ်လေးစားလျက်...။

 

ကိုယ်တိုင်လဲသေချာပြန်စဉ်းစားရမယ် အနာဂတ်လမ်းကိုခိုးယူခြင်းခံရ
-ခိုးယူခြင်းမခံရ ဆိုတာလေ......

 

ဘယ်သူတွေ များ ခိုးသွားပါလိမ့်နော်

 

ဓားဝင်စားလိုနေ့စွဲတွေထဲ ဘဝကိုယ်စီ ခုတ်ရာတရွှဲရွှဲ

မီးဝင်စားလိုနေ့ညတွေထဲ သောကကိုယ်စီ ငွေ့ငွေ့စွဲစွဲ

လောင်မီးဟာ လောင်စာအပြည့်တင်ပြီး အနာဂတ်လမ်းကို ခိုးယူသွားခဲ့ပြီ ။
တကယ်အခိုးခံလိုက်ရပြီလား.. အကိုရေ..
ခိခိ..နောက်တာနော်..ကဗျာကောင်းလေးလာဖတ်သွားပါတယ်.. :D

 

ဟုတ်တယ်။အနာဂတ်ကိုခိုးယူသွားတယ်။ ရဲသွားတိုင်မှဖြစ်မယ်အစ်ကို
ကဗျာတွေအရမ်းကောင်းလွန်းတော့ ညီမတောင်ကဗျာရေးရမှာ မရေးရဲတော့ဘူး။

 

တခြားဟာထပ် ကာရန်ထပ်သွားတာလေးတွေကို
သဘောကျတယ် :)
(လွှင့်ပစ်သင့်တဲ့အရာတွေကို လွယ်ပိုးမထားပါနဲ့)

မိငြိဏ်းခက်

 

ကဗျာလေး..လာဖတ်နေပါတယ်နော်

 

ကိုညီလင်းနိုင်က စာတွေရေးကောင်းသလို ကဗျာမှာလည်းလက်စွမ်းထက်လှသကိုး
ဇာတ်လမ်းလေးတစ်ပုဒ်လောက်ရေး ပါလား အားရင်ပေါ့
ကိုညီလင်းနိုင်ရေးတဲ့ဇာတ်လမ်းလေးကိုဖတ်ချင်လို့ပါ
ခင်တဲ့(အိပ်မက်ကောင်းကင်)

 

ကဗျာလေးကို ခံစားသွားတယ်လို့ပဲပြောနိုင်တယ်...အကိုက
ကဗျာရေးတော်တော်ကောင်းတော့ မမရိုးမြေပြောသလို ညလေးတောင်
ကဗျာရေးဖို့ ရှက်နေမိပါတယ်....ဘာပဲဖြစ်ဖြစ် အားကျနေမိတယ်
အကိုရဲ့ ရင်ထဲကခံစားနိုင်မှုနဲ့ ဖန်တီးနိုင်စွမ်းအားတွေကိုလေ...
ခင်မင်လေးစားအားကျလျက်....
မိုးနတ်

 

ညီမကို စာရေးဖော် သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်
ခေါင်းစဉ်ပေးတာ သိပ်ညံ့တယ်တဲ့ ... :)
ဟုတ်မှာပါ... အကိုရဲ့ စာတွေ တော်တော်များများမှာ
ခေါင်းစဉ်တွေက ကိုစွဲဆောင်မှု ရှိလွန်းတယ် ..
ခေါင်းစဉ်ပေးတာ အကို့ဆီက ပညာလာယူရမယ် .. :)
ကဗျာလေး ခံစားအားပေးလျှက်ပါအကို..

 

ကဗျာလေးအရမ်းကောင်းတယ်နော်။ အရမ်းရေးတတ်တယ်။

 

Post a Comment

Related Posts Plugin for WordPress, Blogger...