ဒါဟာ စံပယ်တွေအဆိပ်သင့်ခဲ့ရတဲ့ကမ္ဘာ
မေတ္တာတရားဟာ
အသက်ထက်ပိုပြီးတန်ဖိုးကြီးတယ် ။
ရာဇဝင်တွေ အထပ်ထပ် စီးဆင်း
လောကရဲ့ အမှန်တရားဆိုတာ
ဘဝတွေကို နာနာဆွတ်ခူးတယ် ။
ကိုယ့်အလောင်းကိုယ်ထမ်းရင်း
စိတ်လိုလက်ရဆန်တက်ခဲ့
နှစ် ၄၀ နီးပါးပါပဲ အမေ ။
အိုစာမင်းစာ အနုပညာကလေးနဲ့
စိတ်တွေကို ဖြန့်ခင်းပြရတာလည်းအမော
တိုးလျှိုပေါက်စီးကျနေတဲ့ လောကဓံကတော့
ဒီရင်အုပ်ကျဉ်းလေးထဲမှာပဲ ပျော်မွေ့တယ် ။
လွမ်းလိုက်ရတာ အဖေရယ်
နံရိုးဟောက်ပက်ကြီးနဲ့
ဘဝခြားခဲ့ရတဲ့အထိ
အမေ့ရဲ့ချစ်ခြင်းတွေ မရခဲ့ဘူးတဲ့လား
ကျနော်ကတော့ ညှော်နံ့သင်းနေတဲ့
အဖေ့ရဲ့ လက်ဖျံရိုးတွေကို ချစ်ပါတယ် ။
သတိရစိတ်တွေက ဘဝကိုတူးဆွတယ်
အဲဒီသတိရစိတ်တွေလေ
တိမ်လိုအဖတ်လိုက်ကြီး လွင့်မျောနေတဲ့
သတိရစိတ်တွေပေါ့
ထဲထဲဝင်ဝင်ကို သတိရမိပါရဲ့
အဖေ့ရင်ခွင်ထဲကနေ
ကြယ်တွေကိုရေတွက်ခဲ့ရတဲ့
ညတွေကို သတိရမိပါရဲ့ ။
နေ့နေ့ညည မွေ့လျော်ယဉ်ပါးနေရက်နဲ့
ဒီဝဋ်ဆင်းရဲက အခုထိကိုမရင်းနှီးသေး
အစိမ်းသက်သက်ကြီး
ရင်ခွဲခံနေရမှတော့
ကျနော် အိမ်ပဲပြန်ပါတော့မယ် ။
ပုဝါဖြူလေးတစ်စလို လွင့်မျောရင်း
လောကရဲ့ ဥပေက္ခာတွေကို နုတ်ဆက်ရင်း
သစ္စာပန်းတွေကို မြတ်နိုးလွမ်းဆွတ်ရင်း
ဝမ်းနည်းအထီးကျန်ခဲ့ရတဲ့
ဟောဒီဘဝကျဉ်းကျဉ်းလေးထဲကနေ
တစ်သက်လုံးထမ်းပိုးခဲ့ရတဲ့
ဟောဒီအလောင်းကောင်ကြီးကို
လောကရဲ့
ကြိုးစင်ထဲ
ကိုယ်တိုင် ထည့်ပစ်လိုက်ပါတော့မယ် ။
ညီလင်းနိုင်
1 comments:
golden goose outlet
nike shox for men
yeezy boost 350 v2
jordan shoes
jordan shoes
yeezy boost 350
golden goose sneakers
lebron 16
stone island
kyrie 6 shoes
Post a Comment