ကဝေလက်ချောင်းမှာ ဖိညှစ်ခံလိုက်ရသလို
စိတ်စိတ်မွှာကြေခဲ့ရပြီလား
ကန္တာရနှာမှုတ်သံအောက်
ဒဏ္ဍာရီဆောင်းလည်း မျက်ဖြူလန်သွားပြီ ။
ခေါင်းပေါ်တက် ခွာရှပ်ဦးမတဲ့လား
ပင်လယ်နဲ့သားစပ်ခံရမှတော့
လှိုင်းရူးလေရူးအောက်
တိမ်အဖူးလိုဘဝတွေများ
အကွဲကွဲအလွင့်လွင့်နဲ့ အမှားရင့်ခဲ့ရပြီ ။
သမိုင်းဝင်ခဲ့တဲ့ မြို့ရိုးကလေးပါ
အလင်္ကာဆောင်းတွေ အထပ်ထပ်ဖူး
ဓားလိုမြည့်ခဲ့တဲ့ တော်ဝင်အလွမ်းမှာ
စိတ်ဟာထစ်ချုန်းတောက်ခဲ့ရ ။
အခိုးတဝေဝေနဲ့ ဆူးခက်တွေကြား
ကြီးမြတ်တဲ့တရားဟာ
ဆွေးလျော်ရိနွမ်း
ဘဝတွေလက်ပန်းကျခဲ့ပြီ ။
ဟိတ်..... ဆောင်း
ဆွတ်ပျံ့တဲ့တရားမှန်ရင်
ရင်ဝထဲစိုက်ဝင်နေပါစေ
ကိုယ်ထွန်းညှိတဲ့တရားမှာ
ကိုယ့်အသက်ဟာလင်းနေရစေ့မယ် ။
ညီလင်းနိုင်
1 comments:
ကိုယ်ထွန်းညှိတဲ့တရားမှာ ကိုယ့်အသက်ဟာ လင်းနေစေရမယ်တဲ့ စာသားတွေအရမ်းငြိတွယ်ဖို့ကောင်းတယ်။ ခေါင်းစဉ်ကလဲဖမ်းစားတယ်။
Post a Comment