ညီလင်းနိုင်: အနှိုင်းမဲ့သစ္စာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အနှိုင်းမဲ့သစ္စာ






နက္ခတ်တွေ ကြွေသွားတိုင်း 

သစ္စာတရားက

အရောင်းထိုင်းမသွားပါဘူး ။


ချစ်ခြင်းမေတ္တာကို ကြိုးကျစ်ပြီး

ငါ့လည်ပင်းငါ ကြိုးကွင်းစွပ်တဲ့ည

သေမလောက် ချစ်ခဲ့မိလို့

သေမရဘူးဖြစ်ခဲ့ ။


ငါ့အရိပ်ငါ ပြန်ရှာမရတဲ့

တစ္ဆေတစ်ကောင်ရဲ့ ဝိဥာဉ်လို

အက်ကွဲမှုတွေထဲ နွံနစ်

အလင်းယိုင်နေတဲ့ ဒီအခန်းကျဉ်းထဲ

အထီးကျန်ညတွေနဲ့

လက်ထပ်ဖြစ်ခဲ့တယ် ။


လမင်းလေးရေ

မင်းကို

အရမ်း

ချစ်ခဲ့မိပါတယ် ။


ထုဆစ်ခဲ့ အလွမ်းနေ့တွေထဲ

ကန္တာရအတိုင်း စီးဆင်းရင်း

ငါမရခဲ့ဘူးတဲ့ မင်းချစ်ခြင်းမှာ

ငါကိုယ်တိုင် လှော်ခပ်

ငါ့မျက်ရည် ဒီပင်လယ်ထဲ

ကြည်ဖြူစွာပဲ ငါဆက်ချစ်မယ် ။


ရင့်ရော်အိပ်မက်တွေ တခမ်းတနား

ခုတ်မောင်းခဲ့ ဒီသက္ကရာဇ်တွေထဲ

သံယောဇဉ် လွန်းကြိုးတပ်

ငါယက်လုပ်တဲ့ ဒီတယောအိုဟာ

မင်းလျှောက်မယ့် ဖဝါးတိုင်း

သံစဉ်လှိုင်းပန်းဖြစ်စေ ။





ညီလင်းနိုင် 




 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...