ညီလင်းနိုင်: တမာန်တော်သို့ ပေးစာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

တမာန်တော်သို့ ပေးစာ







ဟောဒီ ရင်ကွဲနာ ကြမ်းခင်းကြီးထဲ 

မက်မက်စက်စက် ပန်းပျိုးလက်တွေရှိတယ် 

ကျိန်စာသင့်သမုဒယဟာ 

အငုံ့စိတ် ရေသောက်မြစ်ကိုမျိုတယ် 

စုန်းစုန်းချုပ်ခဲ့လေသော အမှန်တရားဟာ 

လူမသိခဲ့လိုက်ရတဲ့ ဈာပနပဲ ။ 



ငါ့ကို ကြယ်ကြွေညတွေပေးပါ 

ငါ့ဘဝကို 

ကြယ်ကြွေညတွေပဲ 

ပေးကြပါကွယ် 

ဆုတောင်းခြင်းကျမ်းစာ မသင်ခဲ့ရတဲ့ 

ဆာလောင်မျက်ဝန်းတွေအတွက် 

ငါ့ကို ကြယ်ကြွေညတွေပေးကြပါ ။ 




မွကြေနေအောင်ကြွေခဲ့ရတဲ့ ညတွေ 

ကွဲသီနိုင်လွန်းတဲ့ ဘဝတွေ 

တရားဖျက်တဲ့ မိစ္ဆာတို့အတွက် 

နာရီတွေ သိပ်ထူလွန်းတော့ 

ဓမ္မတေးတွေတောင် မချိုနိုင်တော့ဘူး ။ 



ပန်းတွေ ပွင့်ပါစေ 

လမ်းတွေ လင်းပါစေ 

သီချင်းတွေ ချိုပါစေ 

နှင်းတွေ ဝေပါစေ 

နေ့သစ်တွေ နက်နက်တူးပါရစေ 

ရေနက်ရာမှာ မျက်နှာသစ်ပါရစေ 

မှန်ကြည့်တိုင်း ပြဒါးရှိပါရစေ 

ကောင်းကင်မှာ ခေါင်းလောင်းထိုးပါရစေ 

ရာဇဝင်တွေ စိုအောင်ထွန်းညှိပါရစေ 

အသက်ရှူတိုင်း ကြေးစည်တီးပါရစေ 

တစ်ခိုင်လုံးကြွေတော့မယ့် ဘဝတွေအတွက် 

သံသရာတစ်ခုလုံး ရှို့လှူခဲ့ပါရစေ ။ 







ညီလင်းနိုင်






0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...