ကျနော်ဟာ
ရွက်ကြွေလေးတစ်စပါမေမေ
မေမေ့ရဲ့
ကောင်းကင်ရင်အုပ်လေးထဲကနေ
အိပ်မက်တွေကိုဆွတ်ခူးဖို့
စိတ်ရွက်လှေ တိမ်တွေထဲ
ကြယ်တွေနဲ့ စီးချင်းထိုးခဲ့သူပေါ့ ။
ဟောဒီကမ္ဘာမြေကြီးထဲ
ဒုက္ခသစ္စာဝတ်ရုံလေး တဖားဖားနဲ့
မြစ်ကောလေးအတိုင်း
အစုန်အဆန်ပွင့်အန်ခဲ့ချင်သူပါ ။
ကျနော့်လွင်ပြင်က
ချုပ်ရာများလွန်းပါတယ်မေမေရယ်
ဝပ်ကျင်းလေးထဲကနေ
စိတ်ကူးတွေထုတ်လှန်းလိုက်တိုင်း
ပင်လယ်ကြီးတစ်ခုလုံးထဲကျွံကျခဲ့ ။
အဝိဇ္ဇာလေးတစိုစိုနဲ့
နှင်းဆီခင်းတွေ ရင်ထဲပျိုးလို့
အိပ်မက်တွေလည်း အခါခါကျိုးခဲ့ပြီ ။
အပျိုစင် မနက်ခင်းလေးအတိုင်း
မွေ့လျော်ယဉ်ပါးနေတဲ့ ဝမ်းနည်းမှုဟာ
ဦးဦးဖျားဖျား ကျနော့်ကိုခြွေချတယ် ။
မေမေ့ရဲ့
မြေပုံမို့မို့လေးဆီကအပြန်
ထုံးဖြူစေတီဦး ခြေတော်ရင်းမှာ
ဝဋ်ကြွေးတွေ အန်ချရင်း
အနာဂတ်တွေ ခေါက်သိမ်းပစ်ခဲ့ရ ။
ဒီလိုနဲ့
သည်းသည်းလှုပ် တံလျှပ်တွေအောက်မှာ
စိတ်တွေကို လွှတ်ကျောင်းရင်း
လက်လက်စိုနေတဲ့
အထီးကျန်မီးအိမ်လေးထဲ
မက်မက်စက်စက် လောင်ကျွမ်းခဲ့ရပေါ့ ။
ညီလင်းနိုင်
2 comments:
bape
russell westbrook shoes
golden goose outlet
nike shox for men
yeezy boost 350 v2
jordan shoes
jordan shoes
yeezy boost 350
golden goose sneakers
lebron 16
x1v05c0t25 c3y53z7m74 c5e30d0h25 c4x79d1p31 r6p81p0u15 a4i06r3x86
Post a Comment