ညီလင်းနိုင်: လုံးပတ်ဟာ လုံးလည်လိုက်ပြီး လုံးစေ့ပတ်စေ့ထဲ လုံးလုံးလျားလျား

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

လုံးပတ်ဟာ လုံးလည်လိုက်ပြီး လုံးစေ့ပတ်စေ့ထဲ လုံးလုံးလျားလျား





သွေးမတိတ်တဲ့ရာသီ ပွင့်ထွက်နေတဲ့ စိတ်အသားတစ်ပေါ် စိတ်လိုလက်ရ စိုက်ဝင်နေတဲ့မီး

လင်းနေတဲ့လမ်းဟာ ပြတ်နေတဲ့လက်ပေါ်မှာ အဆီတဝင်းဝင်း

အမှန်တွေပြောလို့ အမှားတွေကဒဏ်ခတ်မယ်ဆိုရင် ယုံတမ်းစကားပဲပြောတော့မယ်

ဆိုကြပါစို့.....

မိုးရွာမှထွန်ချရတဲ့ခေတ်ပေါက်စလေးထဲ ဆန်တစ်ပြည် ၃ ကျပ်ဟာ

သုံးသီးလည်းစားပြီး သီးထပ်ရုံတင်မက သီးပါဝကွက်ညှပ်လိုက်တော့မှ ၁၃၀၀ ကျပ်ဖြစ်သွားတာမျိုး

ဘာသာစကားလား စကားဘာသာလား

တောင်နေတဲ့အတွေးဟာ အီနေတဲ့ဆယ်ကျော်သက်ကို သားစပ်လိုက်တာမျိုး

လွယ်သလိုမရေးကြေးဆို ဘူးသီးမသီးဘူးကို ဘာသာစကား ၁၀ မျိုးနဲ့အသွင်မတူရင်တောင် မူ တူနေဖို့

ကိုယ့်ဥပဒေနဲ့ကိုယ် သူကတမန်တော်ဆိုရင် ကိုယ်ကဗားရှင်းအသစ်စက်စက် ဘုရားသခင်

ကျက်နေတဲ့ကြက်ကို ကြွပ်နေအောင်ကြော်ပြီး ကြွက်သားပေါက်လေးလို

ကျွတ်ကျွတ်မြည်အောင်  ကြွပ်ကြွပ်ဝါးဖို့

ချွေတာရေးကို ခြွေချပြီး ချီတုံချတုံစိတ်နဲ့ ချည်ငင်လိုက်တာမျိုး



ငြာသံပေးနေတဲ့ ညာဝါးစိတ်ကို ငြိမ်းချမ်းအောင် ဥာဏ်မီသလို ငြမ်းဆင်ပြီး

ငြိမ်ဝပ်မှ ညစ်ညမ်းပစ်လိုက်တာမျိုး

စုတ်စုတ်နုပ်နုပ်အတွေးနဲ့ စုပ်စုပ်မြုပ်သွားတဲ့ ဆုပ်ကိုင်မှုလို ဆွတ်ဆွတ်ဖြူထားသမျှ

စွတ်ကယ်စွတ်ကယ် စွတ်စိုသွားတာမျိုး

ဇဝေဇဝါဇာတ်နဲ့ ဈာပနထဲ ဇောချွေးပြန်ပြီး ပျံသွားတဲ့ဈာန်မှာဇောင်းထဲက ဇာတ်သမလို

ဇာစ်မြစ်ဟာ ဇွတ်တိဇွတ်ထိုး

မြို့ကိုမျိုသွားတဲ့ မြဲနေတဲ့မြောင်းတွေ

နှမ်းပက်ခံလိုက်ရတဲ့ဆင်ရဲ့ပါးစပ်ထဲ ဘုန်းတော်ကြောင့်ဘွဲ့တွေဟာ ဗွက်ထလာသလို

ပျစ်ပျစ်နှစ်နှစ်အပြစ်ကို ပစ်ပစ်ခါခါပစ်ပယ်ပြီး ပျစ်ပျစ်ညစ်ညစ် ပစ်ပယ်လိုက်

ကြမ်းပေါ်ကကျမ်းတစ်စောင်လို ကျယ်ဝန်းတဲ့ကြယ်ပွင့်ပေါ် မီးအုံးထားတဲ့ကြိမ်

မရောင်ရာရွေးလူးတဲ့ဆီဟာ အစီအစဉ်အရ ဆက်ဆက်ဆပ်ရမယ့် စပ်စပ်ဖာဖာ ဆက်စပ်မှု

ခြစားတဲ့ခြံကြီးခြံရံပြီး ချန်ခြွင်းထားတဲ့ချုပ်စပ်လို ချောက်ချားမှုဟာ ချောက်ချသွားတဲ့ ခြောက်ခန်းမှု

သူကောင်းမဖြစ်တဲ့တစ်ရွာပြောင်းသူတွေ

ကျွဲပြဲစီးပြီးမရဲခဲ့သူတွေ

ပျံသန်းမှုဆီပြန်သွားမလား

အပြက်အပြက်နဲ့ပြတ်တောက်လာတဲ့ ပြတ်ရွေ့ကြောတွေ

ပြင်မရတဲ့ပျက်အစဉ်ဟာ ပျင်းစရာထဲ ပြောင်ပြောင်တင်းတင်းပျော်ဝင်သွားခဲ့

အလယ်မှာလည်နေတဲ့အလံဟာ အလန်ဆုံးဆိုတော့လည်း

လမ်းပေါ်မှာလန်းနေတဲ့လောက်တွေလို လင်းပစ်လိုက်

ဖြတ်ထားတဲ့လက်နဲ့ဖျက်နေတဲ့အဖျင်း

မနက်ဟာမဖြန်တော့ဘူး နိစ္စဟာမဓူဝတော့ဘူး

စားခွက်ပေါ်ဆားဖြူးထားတဲ့အစာကိုမှ ဆာလောင်သူတွေ

အနေတဲ့ရေပေါ် ပြားလာတဲ့အလွှာထဲ မူလကီကိုပဲသွန်ကြည်ပြီး ဗြုတ်စကြီးကိုဗျင်းတောင်းထည့်လိုက်ဖို့

တိုနေတဲ့အလီနဲ့ မိုနေတဲ့အလီကို ခေါ်ရကွဲလိုက်တော့ အလော်ရကီအမွှာပူးလေးရသပေါ့

အိုတကာ့ရယ်တဲ့မှ ဘားနေတဲ့ မားကြီးငဲ့ .....

ဆောင်းတွင်းကြီးစောင်းတီးပြီး ဆောင်ထားတဲ့စောင်ကိုပတ်ပါလို့ အဆောင်အယောင်တွေနဲ့ စောင်မလှည့်

တန်ကြေးဟာတန်ရာဖြစ်ပြီး ကျင်းငယ်ထဲကျွံသွားတဲ့ကျဉ်းကြပ်တဲ့ ကျပ်တိုက်မှု

ဖျောက်ထားတဲ့ဖြစ်ဖဲကို ဖြစ်စဉ်အရ ဖြန်းခနဲဖြန့်လိုက်တော့ ဖျံတစ်ကောင်ဖြစ်တာပေါ့

လနေတဲ့အရောင်ကြီး မြို့နေတဲ့အပျက်ကြီး

ဖျော့နေတဲ့အရှဟာ ဝဋ်နေတဲ့အကြွေးလို ဝပ်နေတာပဲကောင်းမယ်

ကျလာတဲ့ကြွေကို ဆက်ကြဲလိုက်ရမလား စွန့်ကြဲလိုက်ရမလား

တစ်လိမ်ပေါ်တစ်လိင်ဆင့်ပါလို့ လိမ်ပင်ရယ်တကယ်လန်းပါတဲ့ လိမ်လိုက်စမ်းလိင်

အိုကြီးနဲ့အိုမ ပျိုကြီးတော့ပြိုကျ ကင်ထားတဲ့အစာဟာ ကင်ဆာတဲ့

လှေအောက်ကကြီးနေတဲ့လှိုင်း ဖဝါးအောက်ကကြီးနေတဲ့တောင်

A Date ပယ်ပဲပြောင်းရေးရတော့မလိုလို Net ဝက်နဲ့ နတ်ဝက်မှာ ဘယ်ဝက်က အဆီပိုများ

ရှိTHE ဖြစ်THE ဆိုမှတော့ ဖြစ်သလိုလေး ONEခု ONEကောင် ONEယောက်ပေါ့

တစ်နေတဲ့ဆေတစ်ကောင်လို မိတ်နေတဲ့တူတစ်ချောင်းနဲ့ အတ်နေတဲ့ တ ကလေးတစ်ပက်ရောပြီး

မြစ် ကြီးထဲ တာ ရှိကြောင်း သစ် ထဲမှာ စာ ပြလိုက်မိတယ်

အခိုးဟာအငွေ့ဖြစ်ရင် အဖုံးလည်းအဖိဖြစ်

အမှန်ဟာအကန်ဆိုမှတော့ အကြံဟာ အဖန်ပဲပေါ့

မစပ်တဲ့စကားအရ က နေတဲ့ ဗျာ လို့ပဲပြောပြော စာ နေတဲ့သားတွေပဲဆိုဆို

အထက်ပါ အကြောင်းအရာအရ .....

သူကတမန်တော်ဆိုရင် ကိုယ်ဟာ အနည်းဆုံးတော့ ရာစုသစ်ရဲ့ အသစ်ကျပ်ချွတ် ဘုရားသခင်ပေါ့

ဖော်ပြပါ စာသားများအားလုံးတစ်လိမ်ပေါ် လိမ်တကာဆင့်ပြီး ကလိန်စေ့ပေါ် ငြမ်းဆင်ထားလိုက်သည်





ညီလင်းနိုင်





Related Posts Plugin for WordPress, Blogger...